Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် ရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရဟတ်ယာဉ်များဖြင့်ပစ်ခတ်၊ ထိခိုက်ဒဏ်ရာရရှိသူများရှိနေပြီး ပြည်သူထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

စစ်ကိုင်းတိုင်းတွင် ရွာများကို စစ်တပ်က စစ်ကြောင်းထိုးနေပြီး ရဟတ်ယာဉ်များဖြင့်ပစ်ခတ်၊ ထိခိုက်ဒဏ်ရာရရှိသူများရှိနေပြီး ပြည်သူထောင်ချီ အိုးအိမ်စွန့်ခွာထွက်ပြေးနေရ

ABN-ရှိုင်းမိုး

စစ်ကိုင်းတိုင်းတွင် ဧပြီလ ၈ရက်နေ့က၊ စစ်ကိုင်းမြို့နယ်နှင့် မတ္တရာမြို့နယ်တို့မှ ရွာများကို စစ်တပ်က စစ်ကြောင်းထိုးပြီး ရဟတ်ယာဉ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်သောကြောင့် ဒေသခံ ပြည်သူထောင်ချီ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

စစ်ကောင်စီတပ်များ ရဟတ်ယာဥ်ဖြင့် ပစ်ခတ်သောရွာများမှာ စစ်ကိုင်းမြို့နယ်ရှိ တလိုင်း၊ ကျောင်းဖြူ၊ စဉ့်ကိုင်၊ အုတ်ဖို၊ ချောင်းဦး ၊ မယ်ဇလီချောင်း ၊ထုံးဘို၊ မြေတိုင်၊ ကသဲတာ၊ ထိပ်စုကုန်း၊ အုန်းသဇင် ရွာများနှင့် မတ္တရာမြို့နယ်၊ ကျွန်းရွာမှ ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

စစ်တပ်က တလိုင်းကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ရဟတ်ယာဉ်များဖြင့် ပစ်ခတ်ပြီး ရွာများကို မီးရှို့ ဖျက်ဆီးမှုကြောင့် တလိုင်းရွာမှ နေအိမ် ‌၁၀ လုံး မီးလောင်ပြာကျခဲ့ပြီး ရွာဆေးခန်းများတွင်လည်း ခေါင်းမိုး၊ နံရံများပျက်စီးပြီး ဆေးဝါးပစ္စည်းများဖျက်ဆီးခံခဲ့ရကြောင်း သိရသည်။

သက်ကြီးရွယ်အို ၂ ဦး ၊ အမျိုးသမီး ၃ ဦး စုစုပေါင်း ပြည်သူ ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၊ လက်ရှိအချိန်အထိ ပြည်သူများမှာ ထွက်ပြေး တိမ်းရှောင်နေရကာ အကူအညီများ လိုအပ်နေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်