Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် ရွာ ၂ ရွာကို စစ်ကောင်စီတပ်မှ အကြောင်းမဲ့ မီးရှို့နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်မှ ကုန်းတဲရွာနှင့် ထီးချိုင့်မြို့နယ်မှ အောင်သာကုန်းရွာများကို ယနေ့ ဒီဇင်ဘာလ ၇ ရက် နံနက် ၆ နာရီခွဲခန့်မှ စကာ စစ်ကောင်စီတပ်မှ မီးရှို့မှုများပြုလုပ်နေကြောင်း သိရသည်။

ထိုကျေးရွာများကို မီးရှို့နေသည့် စစ်ကောင်စီတပ်မှာ ယမန်နေ့ ဒီဇင်ဘာ ၆ ရက်နေ့က ထီးချိုင့်မြို့နယ် အင်းတိန်ရွာနှင့် လေသာရွာတို့ကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်ဖြစ်သည်။

ထိုသို့ စစ်ကောင်စီတပ်များ၏ အကြောင်းမဲ့ မီးရှို့မှုကြောင့် အင်းတိန်ရွာတွင် အရပ်သားပြည်သူများပိုင်ဆိုင်သည့် နေအိမ် ၇ လုံး မီးလောင်ပြာကျခဲ့ရပြီး ရွာသူ၊သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ကြရကြောင်း သိရသည်။

ယနေ့မီးရှို့နေမှုကြောင့်လည်း ကုန်းတဲရွာနှင့် အောင်သာကုန်းရွာများမှ ရွာသူ၊သားများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးနေကြရသည်ဟု သိရသည်။

လက်ရှိအချိန်တွင် ထိခိုက်ပျက်စီးမှုများကို မသိရှိရသေးပေ။

ယခုနှစ်အတွင်း စစ်ကောင်စီတပ်များသည် ကျေးရွာ များအပေါ် အကြောင်းမဲ့ရည်ရွယ်ချက်ရှိရှိ မီးရှို့ဖျက်စီးမှု၊ အရပ်သားပြည်သူများအား ဖမ်းဆီးနှိပ်စက်မှုနှင့် သတ်ဖြတ်မှုများအား တွင်ကျယ်စွာလုပ်ဆောင်လာခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၅ ရက်နေ့ နံနက် ၉နာရီကျော်ခန့်ကလည်း စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်မှ ပဲခင်း၊ ရွှေချောင်းနှင့် ဘိုတဲရွာများကို စစ်ကောင်စီတပ်မှ ဝင်ရောက်ဖျက်ဆီး မီးရှို့မှုများ ရှိခဲ့သည်။

ပြီးခဲ့သည့် နိုဝင်ဘာ ၁၀ ရက်နေ့ကလည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဆင်အင်းကြီးရွာမှ နေအိမ် ၉ အိမ်ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ