Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် မြို့နယ် ၃ ခုတွင် ၂ ရက်အတွင်း လူနေအိမ် ၁၀၀၀ နီးပါးအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး

Arakan Bay News

စစ်ကိုင်းတိုင်း ကသာ၊ ရွှေဘိုနှင့် မြောင်မြို့နယ်များတွင် ဖေဖော်ဝါရီလ ၁၁ ရက် နှင့် ၁၂ ရက်နေ့အတွင်း ရွာ ၈ ရွာမှ နေအိမ် ၁၀၀၀ နီးပါးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဗမာပြည်မီဒီယာများမှ သိရသည်။

ကသာမြို့နယ်မှ မယ်ငိုရွာ၊ တက်တူလယ်၊ သာယာကုန်း၊ အင်းကြီးရွာများကို ဖေဖော်ဝါရီလ ၁၁ ရက်နှင့် ၁၂ ရက်နေ့များတွင် စစ်ကောင်စီတပ်က ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် နေအိမ် ၄၀၀ နီးပါး မီးလောင်ကျွမ်းသွားကြောင်း သိရသည်။

ထို့အတူ ရွှေဘိုမြို့နယ်မှ ကျောက်မြင့်ရွာနှင့် တင့်တယ်ရွာတို့ကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီတပ် ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် နေအိမ် ၆၀၀ နီးပါး မီးလောင်ပြာကျသွားခဲ့ရပြီး ရွာသားများမှာလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

မြောင်မြို့နယ် မရိုးကုန်းရွာကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က စစ်ကောင်စီတပ်က မီးရှို့ ခဲ့မှုကြောင့် နေအိမ် ၂၃ အိမ် မီးလောင်သွားခဲ့ကြောင်း သိရသည်။

လက်ရှိတွင် ထိုကျေးရွာများမှ ပြည်သူများမှ ဘေးလွတ်ရာတွင် စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။

စစ်အာဏာသိမ်းပြီး ၂၀၂၁ မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့ အထိ စစ်ကောင်စီတပ်က မီးရှို့ သောကြောင့် မြန်မာတပြည်လုံးတွင် နေအိမ် ၄၃၂၉၂ ကျော်ထိ မီးလောင် ပျက်စီးသွားပြီဖြစ်ကြောင်း Data for Myanmar ၏ စစ်တမ်းများအရ သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ