Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် ဘုရားကျောင်းကို စစ်ကောင်စီက လေကြောင်းသုံး ဗုံကြဲတိုက်ခိုက်၊ ၁၁ ဦးသေဆုံး

AB News – ဇန်နဝါရီ ၇၊ ၂၀၂၄

စစ်ကောင်စီအဖွဲမှ လေယာဥ်ဖြင့်လာရောက် ဗုံးကြဲချတိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်၊ ခမ်းပတ်မြို၊ ကနန်းစံပြကျေးရွာ အမှတ်၅ ရပ်ကွက်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင်ကျ၍ ကလေးငယ် ၂ဦးအပါအဝင် ၁၁ဦးသေဆုံးကြောင်း သိရသည်။

ယနေ့ ဇန်နဝါရီလ ၇ရက် နံနက် ၁၀နာရီ မိနစ် ၄၀ ခန့်တွင် စစ်ကောင်စီအဖွဲသည် A5 တိုက်လေယာဥ်ဖြင့်  စစ်ကိုင်းတိုင်း၊ တမူးမြိုနယ်၊ ခမ်းပတ်မြို၊ ကနန်းစံပြကျေးရွာ ခရစ်ယာဥ်ဘုရားကျောင်းအား ပေါင် ၂၅၀ ဗုံး ၄လုံးဖြင့် ကြဲချ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၁၁ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ဘုရားကျောင်းကို ရည်ရွယ်၍ တိုက်ရိုက်လာရောက်ဗုံးကြဲချခြင်းဖြစ်ပြီး လက်ရှိတွင် ကလေးငယ် ၂ဦးအပါအဝင် ပြည်သူ ၁၁ ဦး၏ ရုပ်အလောင်းများကိုသာ  ရှာဖွေတွေ့ရှိပြီး လေယာဥ်ဖြင့်ထပ်မံ ဗုံးကြဲတိုက်ခိုက်လာမည်ကို စိုးရိမ်၍ကျန်ရှိ သေးသောသူများအား ရှာဖွေ၍မရသေး ဟု ဒေသခံ ၁ဦးကပြောသည်။

“ဘုရားကျောင်းတက်နေတဲ့အချိန်မှာ တမင်ရည်ရွယ်ပြီး လာကြဲတာဆိုတော့ လူအများအထိနာတာပေါ့။ ခုတော့ ၁၃ယောက်ရဲ့ ရုပ်လောင်းကိုဘဲ တွေ့ရသေးတာ။ ထပ်ပြီးလာကြဲချတိုက်ခိုက်မှာစိုးလို ကျန်တဲ့သူတွေကိုမရှာရသေးဘူး။ ဒဏ်ရာရသူတွေကိုဘဲ ဆွဲထုတ်ပြီး ထွက်ပြေးလာရတယ်” ဟုဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအဖွဲသည် စစ်ဥပဒေကိုချိုးဖောက်ကာ တိုက်ပွဲနှင့်မသက်ဆိုင်သော ခရစ်ယာန်ဘုရားကျောင်းများအား တမင်တကာရည်ရွယ်၍ လာရောက် ဗုံးကြဲချသတ်ဖြတ်ခြင်းဖြစ်သည်။

ရက္ခိုင်ပြည် မြောက်ဦးတွင် ဘုန်းတော်ကြီးကျောင်းတွင် စစ်ဘေးရှောင်နေကြသည့် စစ်ဘေးရှောင်များအား စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးချ တိုက်ခိုက် သတ်ဖြတ်မှုရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ