Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် ဇန်နဝါရီလ ၁၀ ရက်အတွင်း စစ်ကောင်စီက ပြည်သူ ၁၂ ယောက်ကိုသတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၂ ရွာကိုမီးရှို့ခဲ့

ABN-ရှိုင်းမိုး

စစ်ကောင်စီတပ်သည် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်များတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို ပြုလုပ်လျက်ရှိပြီး စစ်ကိုင်းတိုင်းတွင် ဇန်နဝါရီ ၁ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း စစ်ကောင်စီက အပြစ်မဲ့ပြည်သူ ၁၂ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၂ ရွာကို မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် ခန့်မှန်းအိမ်ခြေ စုစုပေါင်း ၃၅၀ ကျော်ရှိကြောင်း ABN မှ ပြုလုပ်ထားသည့်စာရင်းအရ သိရသည်။

စစ်ကိုင်တိုင်း၊ မော်လိုက်မြို့နယ်တွင် ဇန်နဝါရီလ ၁ ရက်နေ့က အသက် ၇ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါဝင် ဒေသခံပြည်သူ ၄ဦးကို စစ်ကောင်စီမှ သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

စစ်ေကာင်စီတပ်က စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ မတာရွာနှင့် လက်ပံဆိပ်ရွာကို ဇန်နဝါရီလ ၁ရက်နေ့ နံနက် ၁၀နာရီခန့်က ဘုန်းကြီးကျောင်းအပါဝင် လူနေအိမ်များကို မီးရှို့သွားပြီး ကျေးရွာမှ ပြည်သူများမှာ ဘေးလွတ်ရာကို ထွက်ပြေးနေရကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် မြကန်ရွာကို ဇန်နဝါရီလ ၂ရက်နေ့ နံနက် ၉ နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့များ ရွာထဲကိုဝင်၍ သေနတ်များပစ်ဖောက်ကာ လူနေအိမ် ၆၅လုံးကိုလည်း မီးရှို့သွားကြောင်းသိရသည်။

စစ်ကိုင်တိုင်း၊ ဘုတလင်မြို့ နယ် ရွှေတောင်ရွာကို ဇန်နဝါရီလ ၂ ရက်နေ့ နံနက်ပိုင်းက စစ်ကောင်စီမှ ရွာထဲကိုဝင်ပြီး သက်ကြီးရွယ်အို လင်မယား ၂ ဦးအပါဝင် လူငယ် ၁ ဦးတို့အား မီးရှို့သတ်ဖြတ်ခဲ့ပြီး၊ လူနေအိမ် ၁၀ ကျော်ကိုလည်း မီးရှို့ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ဒီပဲယင်းကွဲရွာကို ဇန်နဝါရီလ ၆ရက်နေ့က စစ်ကောင်စီအဖွဲ့ ရွာထဲကိုဝင်ပြီး သံဃာတော် တပါးအပါဝင် ပြည်သူ ၄ဦးကို ပစ်သတ်ခဲ့ပြီး၊ လူနေအိမ်များကိုလည်း မီးရှို့ခဲ့ပြီး ရွာသားများမှာ ထွက်ပြေးနေရကြောင်းသိရသည်။

စစ်ကိုင်တိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ဖောင်းကတာရွာ၊ ကျောက်ဖြူရွာနှင့် ဘင်္ကါရွာကို ဇန်နဝါရီလ ၆ရက်နေ့ နေလယ် ၁ နာရီကျော်တွင် စစ်ကောင်စီ အင်အား ၁၀၀ ကျော်ဖြင့် ရွာကိုဝင်ပြီး လူနေအိမ် ၁၆၇ ဆောင်ကို မီးရှို့ခဲ့မှုကြောင့် ကျေးရွာ ၂ ရွာမှ ဒေသခံပြည်သူ စုစုပေါင်း ၁၀၀၀၀ ကျော်ထွက်ပြေးနေရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ဆားတွင်းရွာကို ဇန်နဝါရီလ ၇ရက်နေ့ နေ့လယ် ၁နာရီကျော်တွင် စစ်တပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းမှ သက်ကြီးပိုင် အမျိုးသမီး ၁ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး၊ စစ်တပ်မှ ကျေးရွာကို မီးရှို့သွားကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် တန့်ဆည်ရွာနှင့် ဆားလင်းကြီးမြို့မှ ရွာများကိုလည်း ဇန်နဝါရီလ ၈ရက်နေ့ နံနက် ၈နာရီခန့်က စစ်ကောင်စီတပ်သားများဝင်ပြီး ကျေးရွာများကို မီးရှိ့သွားကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် အလယ်တောရွာကို ဇန်နဝါရီလ ၉ရက်နေ့ နံနက် ၆ နာရီခန့်လောက်က စစ်ကောင်စီမှ ရွာထဲကိုဝင်ရောက်ကာ လူနေအိမ် ၉၈ အိမ်ကို မီးရှို့သွားကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မြောင်းမြို့နယ် ပန်းညိုရွာကို ဇန်နဝါရီလ ၁၀ရက်နေ့ ညည့် ၃ နာရီ ၂၀ မိနစ်တွင် စစ်ကောင်စီတပ်သားများ ရွာထဲကိုဝင်ပြီး လူနေအိမ်များကို မီးရှို့သွားကြောင်းသိရသည်။

ABN မှ ပြုလုပ်ထားသော သတင်းအချက်အလက်များမှာ ဗမာပြည်မီဒီယာများတွင် ဖော်ပြခဲ့သည့် အချက်အလက်များပေါ်တွင် အခြေခံထားခြင်းဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် ဇန်နဝါရီလ ၁၀ ရက်အတွင်း စစ်ကောင်စီက ပြည်သူ ၁၂ ယောက်ကိုသတ်ဖြတ်ခဲ့ပြီး ကျေးရွာ ၁၂ ရွာကိုမီးရှို့ခဲ့

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ