Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာသောကြောင့် ရွာပေါင်း ၈ရွာမှ ပြည်သူ ၅၀၀၀ ကျော်ဘေးလွတ်ရာသို့တိမ်းရှောင်နေရ

ABN-ရှိုင်းမိုး

အောက်တိုဘာ ၂ရက်

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်သို့ စစ်ကောင်စီစစ်ကြောင်း ဝင်ရောက်လာမှုကြောင့် ရွာပေါင်း ၈ရွာမှ ပြည်သူ ၅၀၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရသည်ဟုသိရသည်။

ယနေ့ အောက်တိုဘာလ ၂ရက်နေ့က ဒီပဲယင်းမြို့နယ်မှ ရွာပေါင်း ၈ရွာကို စစ်ကောင်စီတပ် စစ်ကြောင်းထိုးစစ်ဝင်ရောက်လာခဲ့သည်ဟုသိရသည်။

ထိုသို့စစ်ကြောင်းထိုး ဝင်ရောက်လာမှုကြောင့် ပြည်သူများ ကြောက်လန့်၍ အနီးနားကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိတွင် ပြည်သူ ၅၀၀၀ ကျော်သည် ဒီပဲယင်းမြို့နယ်ရှိ ဝပါရွာ၊ မှန်သာရွာ၊ သပြေသာရွာ၊ တောကျောင်းရွာ၊ အင်းတန်းရွာ၊ ငြိမ်းချမ်းရွာသစ်နှင့် မဲသည်ရွာတို့တွင် တိမ်းရှောင်နေကြသည်ဟုသိရသည်။

စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလ ၃၀ရက်နေ့ ညပိုင်းက ဆားလင်းကြီးမြို့နယ် အကြမ်းဖက်စစ်ကောင်စီတရားရုံးကို တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။

စစ်ကိုင်းတိုင်းတွင် စက်တင်ဘာလအတွင်း ၁၀ကြိမ်ထက်မနည်း တိုက်ပွဲတိုက်ပွဲများပွားခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်