Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ၍ ၈ လသားအရွယ်ကလေးတစ်ဦး အပါအဝင် ၃ ဦးသေဆုံးကာ ၁၀ ကျော် ဒဏ်ရာရ

စစ်ကိုင်းတိုင်းတွင် စစ်ရှောင်များခိုလှုံနေသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ် လေကြောင်းမှ ဗုံးကြဲ၍ ၈ လသားအရွယ်ကလေးတစ်ဦး အပါအဝင် ၃ ဦးသေဆုံးကာ ၁၀ ကျော် ဒဏ်ရာရ

ABN-မေအိအိအောင်

သြဂုတ်လ ၁၁ ရက်

စစ်ကိုင်းတိုင်းတွင် စစ်ရှောင်များရှိသည့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်၍ ကလေးတစ်ဦးအပါအဝင် ၃ ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်းသိရသည်။

ယနေ့ သြဂုတ်လ ၁၁ ရက် နံနက် ၄ နာရီခန့်တွင် စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ တလိုင်းကျေးရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဗုံးကြဲခံရသည့် တလိုင်းရွာကျေးရှိ ကံဦးဘုန်းကြီးကျောင်းတွင် စစ်ဘေးရှောင်များခိုလှုံလျက်ရှိကြပြီး ထိုကဲ့သို့ လေကြောင်းသုံးတိုက်ခိုက်၍ စစ်ရှောင် ကလေးတစ်ဦးအပါအဝင် (၃)ဦးသေဆုံးကာ လူအများအကြာ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သေဆုံးခဲ့သူများတွင် ၈ လသားကလေးတစ်ဦးနှင့် မိခင်ဖြစ်သူ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတစ်ဦး၊အသက် ၆၅ နှစ်အရွယ် အမျိုးသမိီးတစ်ဦးတို့ဖြစ်သည်။

ထိုကဲ့သို့ ပြည်သူများအိပ်နေချိန် လေကြောင်းဖြင့်တိုက်ခိုင်ခံရ၍ အဆိုပါ ဘုန်းကြီးကျောင်းမှ ၁၅ ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။

တလိုင်းရွာ ကံဦးဘုန်းကြီးကျောင်းတွင် စဉ့်ကိုင်၊ တလိုင်းရွာများမှ စစ်ဘေးရှောင်များ ခိုလှုံနေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က ဗုံး(၂)လုံး ကြဲချသွားပြီးနောက် ရေကြောင်းမှ စက်လှေများဖြင့် ကမ်းကပ်လာသည့် စစ်ကောင်စီတပ် စစ်ကြောင်းမှာလည်း တလိုင်းရွာကို ဝင်ရောက်စီးနင်းနေကြောင်း သိရသည်။

လက်ရှိတွင် တလိုင်းရွာကို ဝင်ရောက်သွားသည့် စစ်ကောင်စီတပ်များသည် ကျောင်းဖြူရွာကို ဝင်ရောက်နေပြီး ထပ်မံစစ်ကြောင်းထိုးနေကြောင်း ဒေသတွင်း သတင်းအရသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ