Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက် မီးရှို့သဖြင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပြာကျ

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ၂ ရက် ဆက်တိုက် မီးရှို့သဖြင့် အိမ်ခြေ ၄၀၀ ကျော် မီးလောင်ပြာကျ

ABN-ရှိုင်းမိုး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ မြို့သစ်ကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ၂ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးသဖြင့် အိမ်ခြေ ၄၀၀ ကျော် ပျက်စီးသွားကြောင်း သိရသည်။

စစ်ကောင်စီတပ်မှအင်အား ၁၅၀ ကျော်ဖြင့် ဧပြီလ ၂၆ရက်နေ့မှ ၂၇ရက်နေ့ နေလည်ပိုင်းအထိ မြို့သစ်ရွာကို ဝင်ရောက်မီးရှို့ခဲ့​သောကြောင့် အိမ်ခြေ ၆၀၀ ကျော်ရှိသည့် မြို့သစ်ရွာမှ အိမ်ခြေ ၄၀၀ ကျော် မီးလောင် ပျက်စီးသွားကြောင်းသိရသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် ဧပြီလ ၁၉ ရက်နေ့တွင် ရေဦးမြို့မှ ခင်ဦးနယ်အနောက်တောင်ခြမ်း ရွာများကို စစ်ကြောင်းထိုးလာခဲ့ပြီး ဒေသခံကာကွယ်ရေးများနှင့် တိုက်ပွဲဖြစ်ပြီးနောက် ယနေ့ နေ့လည်ပိုင်းတွင် ရေဦးမြို့သို့ ပြန်လည် ဝင်ရောက်သွားကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အာဏာသိမ်းပြီးချိန်မှစ၍ ခင်ဦးမြို့နယ်အတွင်းရှိ ရွာပေါင်း ၇၀မှ လူနေအိမ်ပေါင်း၅,၀၀၀ ကျော်အထိ မီးရှို့ဖျက်ဆီးထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ