Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်မှ ရွာတစ်ရွာကို ဝင်ရောက်ပစ်ခတ်မှုကြောင့် သံဃာတော်တစ်ပါးနှင့် ဒေသခံ ၄ ဦး သေဆုံး

ABN-နွယ်စိုး

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ဇန်နဝါရီ ၆ရက်နေ့ နံနက် ၆ နာရီ အချိန်က စစ်ကောင်စီတပ်မှ ကျေးရွာအတွင်းရှိ နေအိမ်များကို ၀ငျရောကျပဈခတျမီးရှို့မှုကွောငျ့ နေအိမ်များမီးလောင်ပြာကျခဲ့ရသည့်အပြင် သံဃာတော် တစ်ပါးနှင့် ဒေသခံ ၄ ဦးတို့ကိုလည်း ပစ်သတ် သွားခဲ့ကြောင်း သိရသည်။

ယနေ့ နံနက် ၆နာရီ ခန့်တွင် ကြွယ်ပုံပျူရွာနှင့် ပျူစောထီးကျေးရွာများမှ ထွက်လာသည့် စစ်ကြောင်းသည် ဒီပဲယင်း ကွဲကျေးရွာသို့ ၀ငျရောကျစီးနငျးကာ ကျောင်းထိုင်ဘုန်းတော်ကြီးတစ်ပါးနှင့် ဒေသခံ ၄ ဦးတို့ကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ကျေးရွာအတွင်းရှိ လူနေအိမ် ၇၀ ကျော်ကိုလည်း မီးရှို့ခဲ့သည်ဟု သိရသည်။

ယနေ့ ဇန်နဝါရီလ ၆ ရက် နေ့လည် ၁ နာရီတွင် စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်မှ ကျေးရွာ ၂ ရွာကိုလည်း စစ်ကောင်စီတပ်မှ မီးတင်ရှို့နေသည့်အတွက်ကြောင့် နေအိမ်များ မီးလောင်လာသဖြင့် ပြည်သူ ၁၀၀၀၀ ဝန်းကျင်ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဗမာပြည်မီဒီယာများမှ သိရသည်။

ဓာတ်ပုံ Credit-Khit Thit Media

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ