Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်မှ ရွာကိုမီးရှို့ခဲ့ရာ နေအိမ် ၄၁ လုံးနှင့် စပါးကျီ ၃၀ မီးလောင်ပြာကျ

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်မှ စက်‌တော်ကုန်းရွာအား ယမန်နေ့က ဝင်ရောက်မီးရှို့ခဲ့မှုကြောင့် လူနေအိမ် ၄၁လုံးနှင့် စပါးကျီ ၃၀ ဆောင်တို့ မီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။

မကွေးတိုင်းအခြေစိုက် တပ်မ ၈၈ မှ အင်အား ၁၀၀ ကျော်ခန့်ပါဝင်သည့် ခမရ ၃၀၁ တပ်ရင်းမှ စစ်ကောင်စီတပ်သားများသည် အင်းတော်မြို့နယ်တစ်ဝိုက်တွင် လှည့်လည်မီးရှို့မှုများပြုလုပ်ခဲ့ပြီးနောက် ဒီဇင်ဘာလ ၁၉ ရက်နေ့က စက်တော်ကုန်းရွာတွင် ညဉ့်အိပ်တပ်စွဲကာ နောက်တစ်နေ့ ဒီဇင်ဘာ ၂၀ရက်နေ့မနက်ပိုင်း ရွာမှ မထွက်ခွာမီ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း Indaw Revolution – IRမှ ထုတ်ပြန်ထားသည်။

အင်းတော်မြို့နယ်တွင် ဒီဇင်ဘာလ ၁၆ရက်မှ ၂၀ရက်နေ့အထိ ကျေးရွာ ၆ ရွာကို မီးရှို့ခဲ့သည့်အတွက် နေအိမ် ၁၀၀ကျော်မီးလောင်ပျက်စီးခဲ့ရသည်။

ထို့အပြင် ယခုလ ဒီဇင်ဘာ ၈ ရက်နေ့မှ ဒီဇင်ဘာ ၂၀ ရက်နေ့အထိ စစ်တမ်းကောက်ယူချက်အရ စစ်ကိုင်းတိုင်းတွင် ကျေးရွာပေါင်း ၇၇ ရွာနှင့် လူနေအိမ်ပေါင်း ၂၇၅၀ ကျော်ကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးထားကြောင်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ