Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်က ရွာ ၈ ရွာမှ အိမ်ခြေ ၃၀၄ ဆောင်အပါအဝင် စိတ်ဝေဒနာရှင်တစ်ဦးအား မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်သားများသည် ကျေးရွာ ၈ ရွာမှ အိမ်ခြေ ၃၀၄ ဆောင်အားမီးရှို့ဖျက်ဆီးခဲ့ပြီး စိတ်ဝေဒနာခံစားနေရသူ တစ်ဦးကိုလည်း မီးရှို့သတ်ဖြတ်ခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်းရှိ တန့်ဆည်မြို့နယ်မှ ပေချောင်းကျေးရွာနင့် စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှ မုတ်စီရွာကို မီးရှို့ခဲ့ပြီး ရွာထဲမှ စိတ်ရောဂါဝေဒနာခံစားနေရသူ ကိုဖိုးတုတ် ကိုလည်း မီးရှို့သတ်ဖြတ်ခဲ့သည်။

ပေချောင်းရွာကို ယနေ့ ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် မီးရှို့ခဲ့ခြင်းဖြစ်ပြီး မုတ်စီရွာကိုမူ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နှင့် ၁၂ ရက် နှစ်ရက်ဆက်တိုက် မီးရှို့ခဲ့သည်။

တန့်ဆည်မြို့နယ် ပေချောင်းရွာကို မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်မှာ တပ်မ ၃၃ လက်အောက်ခံ ခမရ ၃၆၁ နှင့် ခမရ ၃၆၉ တို့ဖြစ်ပြီး ရေဦးမြို့ မုတ်စီရွာကို မီးရှို့ခဲ့သည့် စစ်တပ်ကိုတော့ မသိရ​သေးပေ။

ထို့အပြင် တန့်ဆည်မြို့နယ်မှ ကမ်းဖြူရွာ သာခေါင်ကြီးရွာ ပုတီးရွာနှင့် ဝက်တိုးရွာ စသည့် ၄ ရွာကိုလည်း ဒီဇင်ဘာလ ၄ ၊ ၅ ရက်များအတွင်းအင်အား ၂၅၀ ခန့်ရှိသည့် စစ်ကောင်စီတပ်က ထိုးစစ်ဆင် မီးရှို့ခဲ့ကြောင်းသိရသည်။

တန့်ဆည်မြို့နယ် ပေချောင်းရွာမှ ၄၃ ဆောင်၊ ကမ်းဖြူရွာမှ ၄၀ ဆောင်၊ ဝက်တိုးရွာမှ ၁၇ လဆောင်၊ သာခေါင်ကြီးရွာမှ ၇၆ ဆောင်၊ ပုတီးရွာမှ ၆ ဆောင် နှင့် ရေဦးမြို့နယ် မုတ်စီရွာမှ ၁၂၂ ဆောင် စုစုပေါင်း ၃၀၄ ဆောင်ကိုမီးရှို့ဖျက်ဆီးခဲ့သည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၁ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်မှ ရွာ ၆ ရွာနှင့် ကောလင်းမြို့နယ်မှ ရွာ ၂ ရွာကိုလည်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပြီး ဒီပဲယင်းမြို့နယ် မဲအိုးရွာမှ လေဖြတ်နေ၍ လမ်းမလျှောက်နိုင်သည့် အဘိုးအိုတစ်ဦးအား စစ်ကောင်စီက ခြေဖြတ်ကာ မီးရှို့သတ်ဖြတ်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ