Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည့်အတွက်ကြောင့် ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁၉ ဆောင် မီးလောင်ပျက်စီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်၊ နန်းချောင်းရွာကို စစ်ကောင်စီတပ်မှ ယမန်နေ့က ဝင်ရောက်မီးရှို့ခဲ့၍ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းနှင့် လူနေအိမ် ၁၉ ဆောင်မှာ မီးလောင်ပြာကျခဲ့ရကြောင်း သိရသည်။

ထို့သို့ စစ်ကောင်စီတပ်မှ ဝင်ရောက်မီးရှို့ခဲ့သည့်အတွက်ကြောင့် ရွာသူ ရွာသားများမှာ ဘေးလွတ်ရာသို့ထွက်ပြေးနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာလ ၇ရကျနေ့က တနင်္သာရီတိုင်းတွင် ရွာတစ်ရွာကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သဖြင့် နေအိမ်များစွာပျက်စီးဆုံးရှုံးခဲ့ရပြီး ဒေသခံပြည်သူများမှာလည်း စစ်ကောင်စီတပ်၏ ဖိအားပေးမှုကြောင့် ရွာလုံးကျွတ် ရှောင်ပြေးခဲ့ရသည်။

ထို့အပြင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၉ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်အတွင်းရှိ သပြေသာ၊ ဝဲကြီး၊ မူးခံတွင်းနှင့် ရုံးသာရွာများကို စစ်ကောင်စီတပ်မှ မီးရှို့ဖျက်ဆီးခဲ့သည့်အတွက်ကြောင့် ဝဲကြီးရွာမှာ ပျက်စီးဆုံးရှုံးမှုများစွာရှိခဲ့ပြီး ဒီဇင်ဘာလ ၇ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ ဇီးသောင် အရှေ့ရွာနှင့် အနောက်ရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့၍ ပြည်သူပိုင်အိမ် ၈၀ ခန့်မှာ မီးလောင်ပြာကျ ပျက်စီးခဲ့ရပြီး ရွာသားများမှာလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

လက်ရှိအချိန်တွင် စစ်ကောင်စီတပ်မှ မြန်မာနိုင်ငံတဝန်းလုံးမှ ကျေးရွာများကို မီးရှို့မှု၊ အပြစ်မဲ့ပြည်သူများကို သေနတ်ဖြင့် ပစ်သတ်မှု၊ ဖမ်းဆီးမှု၊ ဥပဒေပုဒ်မအမျိုးမျိုးတပ်၍ တရားစွဲဆိုမှု စသည့် စစ်ရာဇဝတ်မှုများကို ကျူးလွန်လာလျက်ရှိနေသည်။

စစ်ကိုင်းတိုင်းတွင် စစ်ကောင်စီတပ်မှ မီးရှို့ခဲ့သည့်အတွက်ကြောင့် ခရစ်ယာန် ဘုရားကျောင်း ၁ ကျောင်းနှင့် နေအိမ် ၁၉ ဆောင် မီးလောင်ပျက်စီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ