စစ်ကိုင်းတိုင်း ဒေသကြီး၊ ဒီပဲယင်းမြို့နယ် ကြည်ရွာနှင့် ဘုရားထွက်ရွာ ၂ ရွာ တို့ကို စစ်ကောင်စီတပ်မှ ယနေ့ ဒီဇင်ဘာလ ၂၆ ရက် ညနေပိုင်းတွင် မီးတင်ရှို့ခဲ့ကြောင်းသိရသည်။
ဒီပဲယင်းမြို့နယ်မှ ကြည်ရွာနှင့် ဘုရားထွက်ရွာကို စစ်ကောင်စီတပ်မှ ယနေ့ညနေပိုင်း ၅ နာရီဝန်းကျင်မှ ဝင်ရောက်ကာ မီးရှို့ခဲ့ကြောင်းသိရသည်။
ထိုမီးရှို့မှုကြောင့် မီးရှို့ခံ ရွာနှစ်ရွာမှ လူနေအိမ် ၁၀၀၀ နီးပါးခန့် မီးလောင်ပျက်စီးခဲ့ရကြောင်း သိရသည်။ ထို့အပြင် စစ်ကောင်စီတပ်မှ အမျိုးသမီး ၂၀ ဦးကျော်ကိုလည်း ဖမ်းဆီးထားသေးကြောင်းလည်း ဒေသ သတင်းများအရ သိရသည်။
လက်ရှိအချိန်တွင် ဒီပဲယင်းမြို့နယ်မှ ကြည်ရွာနှင့် ဘုရားထွက်ရွာအပါအဝင် အနီးအနားရှိရွာများမှ အရပ်သားပြည်သူများမှာ ၎င်းတို့၏ အသုံးအဆောင်ပစ္စည်းများကိုတောင်မယူဆောင်နိုင်ဘဲ ဘေးလွတ်ရာသို့ အသက်လုထွက်ပြေးနေရကြောင်း သိရသည်။
ထိုသို့ အသက်လုထွက်ပြေးနေရသည့် ပြည်သူများမှာ တောတောင်ထဲတွင် ပုန်းခိုအိပ်စက်နေရသဖြင့် အကူအညီ အထောက်အပံ့များစွာလိုအပ်နေလျက်ရှိသည်။
ယနေ့မနက်က မကွေးတိုင်း ဆောမြို့နယ်တွင်လည်း တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ ညောင်ကန်ရွာကို စစ်တပ်ပိုင် ဂျက်ဖိုက်တာဖြင့် ပစ်ခတ်မှုကြောင့် ရွာသား ၄ ဦးသေဆုံးပြီး နေအိမ်များစွာ ပျက်စီးခဲ့ရကြောင်း သိရသည်။





