စစ်ကိုင်းတိုင်းဒေသကြီးရှိ ကောလင်းနှင့် ဒီပဲယင်းမြို့နယ်များမှ ကျေးရွာများကို ဒီဇင်ဘာ ၁၁ ရက်နေ့တွင် စစ်ကောင်စီတပ်က မီးရှို့ နေခြင်းကြောင့် ပြည်သူများ ထောင်နှင့်ချီသည့် ပြည်သူများ အသက်လု ထွက်ပြေးနေရကြောင့် ဗမာပြည် မီဒီယာများမှ သိရသည်။
စစ်ကောင်စီတပ်က စစ်ကြောင်းများက ဒီပဲယင်းမြို့မှ ရွာ ၆ ရွာနှင့် ကောလင်းမြို့မှ ၂ ရွာကို မီးရှို့ဖျက်ဆီးလိုက်ပြီး ဒီပဲယင်းမြို့နယ် မဲအိုးကျေးရွာမှ လေဖြတ်လူနာအဖိုးအိုတစ်ဦးအား ခြေထောက်ကို ဖြတ်ပြီး မီးရှို့ သတ်ဖြတ်ခဲ့ကြောင်းလည်း သိရသည်။
ထိုသို့ စစ်ကောင်စီတပ်မှ လူနေရပ်ရွာများကို အကြမ်းဖက် မီးရှို့ မှုများကြောင့် ဒီပဲယင်းမြို့နယ်မှ ရွာ ၆ ရွာမှာ အိမ်ခြေ ၄၀၀ ကျော်ခန့်မှ ကျေးရွာသားများမှာ ထွက်ပြေးနေကြရပြီး၊ ကောလင်းမြို့နယ်မှ ၂၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
ကောလင်းမြို့နယ်တွင် ရပ်ရွာများကို မီးရှို့ခဲ့သည့် စစ်ကြောင်းမှာ ခမရ ၃၆၃၊ ၃၆၉ နှင့် ၃၆၁ တို့ဖြစ်ကြပြီး ဒီပဲယင်းတွင် အကြမ်းဖက်ခဲ့သည့် စစ်ကြောင်းကိုမူ မသိရှိရသေးပေ။
ကောလင်းမြို့နယ်မှ မီးရှို့ခံခဲ့ရသည့် ကျေးရွာ ၂ ရွာမှာ ဇီးဖြူကုန်း၊ လျှော်ဖြူကုန်း ကျေးရွာများဖြစ်ပြီး ဇီးဖြူကုန်းရွာမှ နေအိမ် ၄၅ အိမ်၊ လျှော်ဖြူကုန်းရွာမှ ၂၄ အိမ်တို့ဖြစ်ကြပြီး၊ ဒီပဲယင်းမှာ ၆ ရွာမှာ မူးကတွင်း၊ လက်ယက်ကုန်း၊ ညောင်ကြီးကုန်း၊ မဲအိုး၊ သရက်တော၊ ညောင်လှ ကျေးရွာများကို ရွာလုံးကျွတ် မီးရှို့ခဲ့ကာ မဲအိုးရွာမှ စပါးတင်း ၁၀၀ နှင့် လက်ယက်ကုန်းမှ လယ်ထွက်စက်နှင့် ထော်လာဂျီများကို မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။
ထို့အတူ တအာင်းပြည်နယ်တွင်လည်း စစ်ကောင်စီတပ်မှ လူနေရပ်ရွာများကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ပြည်သူများမှာ ထိုင်းနိုင်ငံနယ်စပ်တွင် စစ်ဘေးရှောင်နေကြရကြောင်း သိရှိရသည်။
ဓာတ်ပုံ-ခေတ်သစ်မီဒီယာ/ The 74 media






