Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်တိုင်း၊ မုံရွာမြို့နယ်ရှိ ကျေးရွာတစ်ရွာမှ ၅ ရက်သား ကလေးငယ် အပါအ၀င် ပြည်သူ ၆ ဦးကို စစ်ကောင်စီက ပစ်သတ်

ABN-မေအိအိအောင်

ဇွန် ၈ရက်

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ရေကန်စုကျေးရွာသို့ စစ်ကောင်စီတပ်ဖွဲ့က ဝင်ရောက်စီးနင်းပြီး ကလေးငယ်အပါအဝင် ပြည်သူ ၆ ဦးကို ပစ်သတ်ခဲ့ကြောင်း ဒေသတွင်း သတင်းများအရသိရသည်။

ယမန်နေ့ ဇွန်လ ၇ ရက်နေ့ နံနက် ၄ နာရီခွဲ၀န်းကျင်တွင် အင်အား ၁၀၀ ခန့်ရှိသော စစ်ကောင်စီတပ်သားများသည် ရေကန်စုကျေးရွာအတွင်းသို့ သေနတ်ပစ်ဖောက်စီးနင်းဝင်ရောင်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်သားများ ရွာအတွင်းသို့ဝင်လာစဉ် ထွက်ပြေးသော ကျေးရွာသားအချို့ကို စစ်ကောင်စီတပ်သားများက ဖမ်းဆီးရိုက်နှက်ပြီး ၆ ဦးကို သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အသတ်ခံခဲ့ရသူ ၆ ဦးတွင်အမျိုးသား ၃ ဦး၊ အမျိုးသမီး ၂ ဦးနှင့် မွေးဖွားပြီးခါစ ၅ ရက်သား ကလေးတစ်ဦးပါဝင်ကြောင်းသိရသည်။

အဆိုပါ ရေကန်စုကျေးရွာစာသင်ကျောင်းတွင် တော်လှန်ရေးတပ်ဖွဲ့များ နေထိုင်ပြီး တိုက်ပွဲဖြစ်ပွားသည်ဟု စစ်ကောင်စီက ဝါဒဖြန့်ပြောဆိုထားခြင်းနှင့် ယင်းရွာ ဒေသခံပြည်သူများအနေဖြင့် တိုက်ပွဲဖြစ်ခြင်းမရှိဘဲ ပစ်ခတ်စီးနင်းကာ သတ်ဖြတ်သွားခြင်းဖြစ်ကြောင်း သတင်းတွင်ဖော်ပြထားသည်။

အလားတူ ယမန်နေ့ ဇွန်လ ၇ ရက်နေ့တွင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီက ပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး ကလေးတစ်ဦးသေဆုံးကာ မိသားစုဝင် ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ