Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
စစ်ကိုင်တိုင်း၊ခင်ဦးတွင် စစ်ကျန်လက်နက်ကျည်ကျည်ပေါက်ကွဲ၍ ၁၀ နှစ်ကျော်အရွယ် ကလေး ၁ ဦးသေဆုံး

ABN-မေအိအိအောင်

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကျန်လက်နက်ကြီးကျည် ပေါက်ကွဲ၍ အသက် ၁၀ နှစ်ကျော် ကလေးတစ်ဦးသေဆုံးသွားကြောင်း ဒေသတွင်းသတင်းများအရ သိရသည်။

သေဆုံးသူမှာ ခင်ဦးမြို့နယ်၊ အလယ်လျှိုကျေးရွာမှ အသက် ၁၂ နှစ်အရွယ် မောင်ချစ်ရင်ထူးဖြစ်ပြီး ယမန်နေ့ မတ်လ ၅ရက် မွန်းလွဲ ၂ နာရီခန့်တွင် လက်နက်ကြီးပေါက်ကွဲ၍ ပွဲချင်းပြီးသေဆုံးကြောင်းသိရသည်။

သေဆုံးသွားသည့် မောင်ချစ်ရင်ထူးမှာ နွားကျောင်းနေစဉ် တောတွင်းတစ်နေရာ၌ မပေါက်သေးသည့် ၇၉ လက်နက်ကြီးကျည်ဖူးကိုကောက်ယူခဲ့ပြီး ၎င်းလက်နက်ကြီးကို အုတ်ကန်ပေါ်တင်ထားစဉ် ပြုတ်ကျပြီးပေါက်ကွဲခဲ့ကြောင်းသိရသည်။

ပြီးခဲ့သည့် မတ်လ ၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ကျေးရွာ၌ စစ်ကောင်စီကပစ်သည့် လက်နက်ကြီးကျည်ထိမှန်ပြီး အသက် ၅၀ အရွယ် စစ်ရှောင်အမျိုးသမီး ဒေါ်မကြည်ဆန်း နှင့် အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦးသေဆုံးခဲ့သည်။

စစ်ကိုင်တိုင်း၊ခင်ဦးတွင် စစ်ကျန်လက်နက်ကျည်ကျည်ပေါက်ကွဲ၍ ၁၀ နှစ်ကျော်အရွယ် ကလေး ၁ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ