သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငလျင်ဘေးသင့် မြန်မာနိုင်ငံသို့ သတင်းလာယူမည့် နိုင်ငံတကာသတင်းထောက်များကို စစ်ကောင်စီ ပိတ်ပင်

AB News – မတ် ၃၁၊ ၂၀၂၅

နိုင်ငံတကာသတင်းထောက်များ မြေငလျင်းသတင်းရယူရန် မြန်မာနိုင်ငံ ပြည်ဝင်ခွင့်ကို စစ်ကောင်စီက ပိတ်ပင်လိုက်ကြောင်း AB News မှ စုံစမ်းသိရှိရသည်။

မြန်မာနိုင်ငံသို့ နိုင်ငံတကာတသင်းထောက်များ ပြည်ဝင့်ခွင့်တောင်းဆိုမှုသည် “အဆင်မပြေနိုင်ကြောင်း” စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။

သတင်းထောက်များ သွားလာမှုနှင့် နေထိုင်မှုများ အဆင်မပြေသဖြင့် ယခုကဲ့သို့ ပြည်ဝင်ခွင့်ကို ပိတ်ပင်ထားကြောင်း သိရသည်။

“သတင်းထောက်တွေ သွားလာ၊ လာတာ၊ တည်းခိုတာတွေက အဆင်မပြေနိုင်ဘူး” ဟု မတ်လ ၃၀ ရက်နေ့က မီဒီယာ တချို့ကို အသံဖိုင်နှင့် ၎င်းကပြောဆိုထားသည်။

မတ်လ ၂၈ ရက်နေ့ က လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် မြန်မာနိုင်ငံ အလယ်ပိုင်းဒေသများတွင် ထိခိုက်ပျက်စီးမှုများအပြင် အသက် သေဆုံးသွားသော ပြည်သူလူထုအမြောက်အများလည်း ရှိနေသည်။

လက်ရှိတွင် မန္တလေး၊ စစ်ကိုင်း၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အခြားငလျင်ဘေးသင့်ဒေသများတွင် အရေးပေါ် ကယ်ဆယ်ရေးလုပ်ငန်းများ လိုအပ်နေကြောင်း သိရသည်။

စစ်ကောင်စီ၏ ယမန်နေ့ နေ့လည်အချိန်အထိ စာရင်းအရ သေဆုံးသူ ၁၇၀၀ ခန့်၊ ဒဏ်ရာရသူ ၃၄၀၀ ခန့်၊ ပျောက်ဆုံးနေသူ ၃၀၀ ကျော်ခန့် ရှိနေပြီး ထိခိုက်သေဆုံးမှု များပြားလာကြောင်း သိရသည်။

မတ်လ ၃၀ နေ့အထိ မိုးသေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ မြေငလျင်သတင်းအရ ၇.၇ မှ ၃.၃ အင်အားရှိ မြေငလျင်များ ၃၄ ကြိမ်ခန့် လှုပ်သွားခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ