သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ငလျင်ကြောင့် ကလောတွင် ​​အောင်ပန်းဟိုတယ်ပြိုကျ၊ ဟိုတယ်ဝန်ထမ်း ၁ ဦးသေ ၊ ၁၆ ဦးအား ဒဏ်ရာဖြင့် ကယ်ထုတ်ထား

AB News – မတ် ၂၈ ၊ ၂၀၂၅

ရှမ်းပြည် ၊ ကလောမြို့နယ်၊ ကလောမြို့မှ ခြောက်ထပ်ခွဲရှိ အောင်ပန်းဟိုတယ် ပြိုကျမှုကြောင့် ဟိုတယ်ဝန်ထမ်း ၁ ဦးသေဆုံးပြီး ၁၆ ဦးအားဒဏ်ရာများဖြင့် ကယ်ထုတ်ရရှိထားကြောင်း သိရသည်။

သေဆုံးသွားသော အသက် ၂၀ အရွယ် ဟိုတယ်ဝန်ထမ်း အမျိုးသမီးနှင့်အတူ ၁၆ ဦးအား ဒဏ်ရာများဖြင့် ကယ်ထုတ်ထားနိုင်ပြီး ၎င်းတို့အား အောင်ပန်းပြည်သူ့ဆေးရုံသို့ ဆေးကုသမှုခံယူရန် ပို့ဆောင်ထားကြောင်း သိရသည်။

​ဟိုတယ်ထဲတွင်လည်း ပိတ်မိနေသူအများအပြားရှိနေပြီး ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက် ကယ်ထုတ်နေကြောင်း သိရသည်။

အလားတူ မန္တလေးမြို့ရှိ  ရွှေဘုန်းရှိန်ဗလီတွင်လည်း ယနေ့ ဝတ်ပြုနေချိန် ငလျင်လှုပ်ခတ်ခဲ့ခြင်းကြောင့် ဗလီပြိုကျသွားပြီး အနည်းဆုံး လူ ၂၀ ဦးထက်မနည်းသေဆုံးသွားခဲ့သည်ဟု သိရသည်။

ယနေ့ ၊ မတ်လ ၂၈ ရက်နေ့ ၊ နေ့လည်ပိုင်းအချိန်တွင် မြန်မာနိုင်ငံနှင့် နယ်စပ်ဒေသ ထိုင်းတို့တွင် အင်အားကြီး ငလျင်ဒဏ်ကြောင့် အဆောက်အအုံများ ၊ လမ်း ၊ တံတားများပြိုကျ ပျက်စီးခဲ့ရသည်။

ငလျင်ပြင်းထန်လှုပ်ခတ်ခဲ့သည့် စစ်ကိုင်း၊ မန္တလေး၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်၊ နေပြည်တော်၊ ပဲခူးတိုင်းရှိ ငလျင်ဒဏ်သင့်သည့် နေရာများကို အရေးပေါ် အခြေအနေအဖြစ် စစ်ကောင်စီ၏ အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီက ကြေညာထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ