Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ် ကျိန္တလီဆေးရုံတွင် ကလေး ၃ မွှာပူးမွေးဖွား၊ ကလေးများအား ကျန်းမာရေး စောင့်ရှောက်ရန်အတွက် ငွေကြေးအကူအညီလိုအပ်နေ

ရက္ခိုင်ပြည်၊ ဂွမြို့နယ် ကျိန္တလီဆေးရုံတွင် ကလေး ၃ မွှာပူးမွေးဖွားပြီး ကလေးများ၏ ကျန်းမာရေး စောင့်ရှောက်နိုင်ရန်အတွက် ငွေကြေးအကူအညီလိုအပ်နေကြောင်း သိရသည်။

အဆိုပါကလေး ၃ ဦးကို ဂွမြို့နယ် ရှောက်ကုန်းကျေးရွာအုပ်စု၊ ညောင်ပင်သာကျေးရွာမှ အဖ ဦးရဲနိုင် အမိ ဒေါ်ငယ်ငယ်တို့မှ ​​ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ ညဥ့် ၂ နာရီအချိန်၌ ကျိန္တလီပြည်သူ့​ဆေးရုံတွင် မွေးဖွားသန့်စင်ခဲ့ကြောင်း သိရသည်။

၎င်းကလေး ၃ ဦးအား အောင်မြင်စွာမွေးဖွားနိုင်ခဲ့သော်လည်း ပေါင်ချိန်မပြည့်သောကြောင့် သံတွဲဆေးရုံသို့ သွားရောက် ကုသရန်လိုအပ်နေပြီး ငွေကြေးအကူအညီများလိုအပ်နေကြောင်း ဆွေမျိုးတော်စပ်သူ တစ်ဦးက AB News သို့ပြောသည်။

“အောင်အောင်မြင်မြင်တော့မွေးဖွားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကလေးတွေက ကျန်းမာရေးအခြေအနေမကောင်းသေးပါဘူး။ သံတွဲဆေးရုံကိုလွှဲပြောင်းပေးဖို့ပြောတယ်။ သူတို့မိသားစုကလည်း ဆင်းရဲကြတယ်။ ငွေကြေးမတတ်နိုင်တဲ့အတွက် ငွေကြေးအကူအညီလိုအပ်နေပါတယ်” ဟု ဆိုသည်။

ကလေးငယ်များမှာ ယောက်ျားလေး ၂ ဦးနှင့် မိန်းကလေး ၁ ဦးဖြစ်ပြီး ၎င်းတို့ကို ၇ လဖြင့် လမစေ့ဘဲ မွေးဖွားခဲ့ခြင်းဖြစ်ကာ ၎င်းထဲတွင် ၄ ပေါင် ယောကျ်ား ၁ ဦး ၂ ပေါင်ခွဲ မိန်းကလေး ၁ ဦးနှင့် ယောကျ်ား​ ၁ ဦးတို့ဖြစ်ကြောင်းသိရသည်။

၎င်းတို့မိသားစုတွင် နောက်ထပ် သားသမီး ၂ ဦးလည်း ရှိကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ