သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ဂွမြို့နယ်တွင် စစ်ကျန်ဗုံး ပေါက်ကွဲ၍ ကလေး၁ ဦး သေဆုံး၊ ၂ ဦးဒဏ်ရာရ

AB News – ဒီဇင်ဘာ ၂၁ ၊ ၂၀၂၅
ဖြိုးသီရိနိုင်

ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်တွင် စစ်ကျန်ဗုံး ပေါက်ကွဲ၍ ကလေး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားကြောင်း သိရသည်။

ယမန်နေ့ နေ့လယ် ၁နာရီ၊ ၃၀ မိနစ်အချိန်တွင် ကျိန္တလီမြို့မှ ကလေး၃ ဦး တောင်ပေါ်သို့ ဆော့ကစားရန် သွားရာတွင် စစ်ကျန်ဗုံးသီးအား ဆော့ကစားရာမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

စစ်ကျန်ဗုံးသီး ပေါက်ကွဲမှုအတွင်း ဒဏ်ရာရရှိသူများမှာ အသက် ၁၄ နှစ်အရွယ် ကိုအောင်စိုး၊ အသက် ၁၃ နှစ်အရွယ် ကိုနေမျိုး (ခ) အလင်းဆက် ဖြစ်ကြောင်းသိရှိရသည်။

ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေး ၂ ဦးအား ဂွမြို့နယ် စစ်ဘေးရှောင် ကူညီရေး ပူးပေါင်းအဖွဲ့မှ ဆေးကုသမှုခံယူရန် ပို့ဆောင်ခဲ့ကြောင်း သိရသည်။

ပြီးခဲ့တဲ့အောက်တိုဘာ ၈ ရက်နေ့တွင်လည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးတရုတ်တွင် စစ်ကျန်ဗုံးသီး ပေါက်ကွဲ့၍ စစ်ဘေးရှောင် ၁၀ နှစ်အရွယ် ကလေး ၁ ဦးသေ ဆုံးခဲ့ရပြီး အသက် ၈ နှစ်အောက် ကလေးငယ် ၂ ဦး ဒဏ်ရာရရှိခဲ့သည်။

အလားတူပြီးခဲ့သည့်မတ်လတွင်လည်း ကျိန္တလီတိုက်နယ်၊ ဆားချက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် အမျိုးသားတစ်ဦး မြေမြှုပ်မိုင်းနင်းမိ၍ ဘယ်ခြေထောက် ပြတ်ထွက်သွားခဲ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ