
AB News – မတ် ၂၃၊ ၂၀၂၅
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ နှမ်းခါးကျေးရွာတွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဆရာဝန်မိသားစု အပါအဝင် အရပ်သား ၁၁ ဦး သေဆုံးကာ ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
မတ်လ ၂၂ ရက်၊ နံနက် ၈ နာရီခန့်တွင် ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုကြောင့် ဆေးခန်းမှ ဆရာဝန်ကြီး ဒေါက်တာမြစိုးအောင်၊ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ ဒေါ်ခိုင်နှင်းဝေနှင့် ၎င်းတို့၏ ကလေးငယ်တို့ အပါအဝင် ပြည်သူ ၁၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
သေဆုံးသူများထဲတွင် ကလေးငယ် ၅ ဦးပါဝင်ကြောင်းလည်း ဒေသခံများ ပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အရပ်သားများနေထိုင်ရာ မြို့များနှင့် ကျေးရွာများကို မကြာခဏ လေကြောင်းမှ တိုက်ခိုက်လေ့ရှိနေ ကြောင်း သိရသည်။
လေကြောင်းတိုက်ခိုက်မှုများကြောင့် ဒေသခံပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အခက်အခဲများစွာ ရင်ဆိုင်နေရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းယူခဲ့ပြီးနောက်ပိုင်းတွင် ဒေသခံ ခုခံကာကွယ်ရေးတပ်များနှင့် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။