Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းအား တစ်ခုမကျန် အမြစ်ပြတ်ချေမှုန်းနိုင်ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်တွင်ရှိသည့် စစ်ကောင်စီတပ်စခန်းအား တစ်ခုမကျန် အမြစ်ပြတ်ချေမှုန်းနိုင်ပြီဟု ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

AB News- ဟိန်းထွန်း

အောက်တိုဘာ ၂၈ ရက်

စစ်ဆင်ရေး ၁၀၂၇ကို ပူးပေါင်းတိုက်ပွဲဝင်နေကြသည့် ကိုးကန့် MNDAA၊ တအောင်းTNLA နှင့် ရက္ခိုင့်တပ်တော် AA တို့သည် ကိုးကန့်ဒေသ ချင်းရွှေဟော်မြို့ပတ်ဝန်းကျင်၌ ယမန်နေ့က ကျန်ရှိသည့် ရန်သူ့စခန်းတပ်အားလုံးကို အမြစ်ဖြတ်ချေမှုန်းနိုင်ခဲ့ပြီဟု ညီနောင်မဟာမိတ်သုံးဖွဲ့ထုတ်ပြန်ထားသည်။

ယနေ့ နေ့လည် ၂ နာရီကျော်တွင် ရန်သူ့စခန်းများအား သိမ်းပိုက်နိုင်ခဲ့သည့်အပြင် တပ်စခန်း ၄ ခုကိုထပ်မံသိမ်းပိုက်ထားပြီး ​ညီနောင်မဟာမိတ်သုံးဖွဲ့က ထိန်းချုပ်ထားကြောင်း သိရသည်။

ရန်သူ့လေယာဉ်မှ လေထီးဖြင့် လာချပေးသော စစ်အသုံးအဆောင်ပစ္စည်း၊ ရိက္ခာထုပ် (၁၀) ထုပ်စလုံးအား ၎င်းတို့မှ တစ်ခုမကျန်သိမ်းဆည်းရမိထားပြီးဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ညီနောင်မဟာမိတ် (၃) ဖွဲ့သာမက စစ်ဆင်ရေးနှင့် ဟန်ချက်ညီလိုက်ပါ စစ်ဆင်ရေးဆင်နွှဲကြမည့် အဖွဲအစည်းများ နှင့်အတူတကွ သတ်မှတ်ထားသော စစ်ဆင်ရေးပစ်မှတ်များကို ဆက်လက်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ