Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းရွှေဟော်မြို့တစ်ခုလုံးကို ယနေ့နံနက် ကိုးကန့်တပ်မှ သိမ်းပိုက်

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၂၇ရက်

ယနေ့အောက်တိုဘာလ ၂၇ရက်နေ့ နံနက်အချိန်က ချင်းရွှေဟော်မြို့တစ်ခုလုံးကို ကိုးကန့်တပ်က သိမ်းပိုက်ခဲ့ပြီး လောက်ကိုင်သို့ ဆက်လက်ချီတက်နေသည်ဟုသိရသည်။

ယနေ့နံနက် ညီနောင်မဟာမိတ် (၃)ဖွဲ့က ဖော်ဆောင်နေသည့် ၁၀၂၇စစ်ဆင်ရေးအတွင်း ကိုးကန့်ဒေသ ချင်းရွှေဟော်ကို ယနေ့ အောက်တိုဘာ ၂၇ရက်နေ့ မနက်အစောပိုင်း ကိုးကန့်တပ်(MNDAA)က ဝင်တိုက်ခဲ့ပြီး လက်ရှိတစ်မြို့လုံးနီးပါးကို ထိန်းချုပ်ထားနိုင်ကြေုင်းသိရသည်။

ထိုတိုက်ခိုက်မှုတွင် သံတံတားဂိတ် ပြိုကျပျက်စီးခဲ့ပြီး ၎င်းနေရာကို ကိုးကန့်တပ်က ထိန်းလိုက်ကာ ရဲကုန်း၊ နမ့်သစ်၊ ဗျူဟာဘက်မှာ တိုက်ပွဲဆက်ဖြစ်နေပြီး တိုက်ပွဲအတွင်း ဂိမ်းဆိုင်မှထွက်ပြေးလာသည့် ဒေသခံတစ်ဦးလည်း သေနတ်ကျည် ထိမှန်သွားသည်ဟုသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီလက်အောက်ခံ ရဲအများအပြားသေဆုံးခဲ့ပြီး၊ ချင်းရွှေဟော်ရှိ ရဲစခန်းတစ်ခုလုံး ကျဆုံးခဲ့ကာ တိုက်ပွဲဆက်ဖြစ်နေဟုသိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလည်း လေကြောင်းနဲ့ လာရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်းသိရသည်။

ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံအများအပြား ဘုန်းကြီးကျောင်းနဲ့ တရုတ်ပြည်ဘက်သို့ ထွက်ပြေးခိုလှုံနေကြသည်ဟုသိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ