သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းမိုင်တွင် KNU သို့ ပို့မည့် လက်နက်များနှင့်အတူ ထိုင်းနိုင်ငံသား ၂ ဦး ဖမ်းဆီးခံရ

AB News – ဧပြီ ၂၃၊ ၂၀၂၅

ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကရင်အမျိုးသားအစည်းအရုံး (KNU) သို့ ပို့ဆောင်ရန် ရည်ရွယ်ထားသော လက်နက်ခဲယမ်းများနှင့်အတူ ထိုင်းနိုင်ငံသား ၂ ဦးကို ဧပြီ ၂၂ ရက်နေ့တွင် ဖမ်းဆီးခဲ့ကြောင်း (Bangkok Post) နှင့် (The Nation Thailand) သတင်းဌာနများက ဖော်ပြသည်။

ထိုင်းရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ထိုင်းပီဘီအက်စ် (Thai PBS) က ဖော်ပြရာတွင် ဖမ်းဆီးခံရသူများသည် Khlong Chonprathan လမ်းပေါ်တွင် အနက်ရောင် တိုယိုတာယာဉ်ဖြင့် သေနတ်များနှင့် ကျည်ဆန်များ သယ်ဆောင်လာစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော အသက် ၂၇ နှစ်နှင့် ၂၈ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား နှစ်ဦးထံမှ ၅.၅၆ မီလီမီတာ ကျည်သုံး M16 ရိုင်ဖယ် ၁၀ လက်၊ ကျည်အိမ် ၁၀ ခုနှင့် M79 ဗုံးပစ်လောင်ချာ ၁၄ လက်တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထိုင်းသတင်းဌာနများ၏ သတင်းအရ သိရသည်။

ထိုင်းရဲတပ်ဖွဲ့၏ စစ်ဆေးမေးမြန်းမှုများကို အခြေခံ၍ ပရာချာတိုင်း (Prachatai) က ဖော်ပြရာတွင် ဖမ်းဆီးရမိသော လက်နက်ခဲယမ်းများသည် KNU သို့ ပို့ဆောင်ရန်ဖြစ်ကြောင်း သိရှိရသည်။

ထို့အပြင် ယင်းသယ်ယူပို့ဆောင်မှုအတွက် ထိုင်းနိုင်ငံသား နှစ်ဦးသည် ဘတ် ၈,၀၀၀ မှ ၉,၀၀၀ ကြား ရရှိခဲ့ကြောင်း ဝန်ခံခဲ့ပြီး ယခုအကြိမ်သည် ၎င်းတို့၏ တတိယမြောက် ပို့ဆောင်မှုဖြစ်ကြောင်းလည်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ