ABN-မေအိအိအောင်
ချင်းပြည်နယ် ၊ ထန်တလန်မြို့မှ ရဲစခန်းတစ်ခုကို CNA/CDF ချင်းကာကွယ်ရေး တပ်တို့ ပူးပေါင်းပြီး သိပ်းပိုက်လိုက်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်နေကြောင်း ဒေသတွင်း သတင်းများအရသိရသည်။
အဆိုပါ ရဲစခန်းကို ချင်းကာကွယ်ရေးတပ် CNA/CDF တို့က ယမန်နေ့ ဖေဖော်၀ါရီ ၈ ရက်နေ့ ည ၁၀ နာရီတွင်စတင် တိုက်ခိုက်ခဲ့ပြီး ဖေဖော်၀ါရီ ၉ ရက်နေ့ မနက် ၁ နာရီအချိန်တွင် သိမ်းပိုက်ရရှိကြောင်း သိရသည်။
ရဲစခန်း သိမ်းပိုက်ခံရမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီတပ်သားများက ယင်းဒေသကို ယမန်နေ့ ဖေဖော်၀ါရီ ၈ ရက်နေ့မှစကာ လေကြောင်းဖြင့်တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်နေကြောင်း CNA/CDF သတင်းရင်းမြစ်များအရသိရသည်။
ရဲစခန်းသိမ်ပိုက်မှုအတွင်းတွင် ချင်းကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်းနှင့် ရဲစခန်းတွင်းမှ ဒရုန်းပစ်လက်နက်များအပါအ၀င် လက်နက် ၄၀ ကျော်နှင့် လက်နက် ခဲယမ်းများ သိမ်းပိုက်ရမိကြောင်း ချင်းပြည်နယ်သတင်းများအရ သိရသည်။
ပြီးခဲ့သည် ဖေဖော်၀ါရီ ၂ ရက်နေ့တွင် ချင်းပြည်နယ်အတွင်း စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားသည့် မြို့နယ် ၇ မြို့နယ်ထဲတွင် ထန်တလန်မြို့လည်းပါ၀င်သည်။


