Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းပြည်နယ် ပလက်ဝတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီး၂ သေဆုံး

ချင်းပြည်နယ် ပလက်ဝတွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီး၂ သေဆုံး

ABN-ရှိုင်းမိုး

ဇွန် ၈ရက်

ယခုလ ဇွန်လ ၅ရက်နေ့က ချင်း​ပြည်နယ် ပလက်ဝမြို့နယ်တွင် မိုးကြိုးပစ်ခံရ၍ အမျိုးသမီး ၂ဦးသေဆုံးခဲ့သည်ဟုသိရသည်။

ထိုမိုးကြိုးပစ်ခံရသော အမျိုးသမီး ၂ယောက်မှာ ပလက်ဝမြို့နယ် အောက်ဘလိုင်းရွာမှ အသက် ၅၀နှစ်အရွယ် ဒေါ်ကိုးယက်နှင့် အသက် ၃၇နှစ်အရွယ် ဒေါ်ဝင်းဆွေတို့ဖြစ်သည်။

သူတို့ နှစ်ဦးသည် ဇွန်လ ၅ရက်နေ့က တောင်ယာခင်းမှ ပေါင်းပင်များနှုတ်၍ အိမ်အပြန်လမ်းတွင် ​မိုးကြိုးပစ်ခံရ၍ နှစ်ဦးလုံး သေဆုံးသွားကြောင်း အောက်ဘလိုင်းရွာမှ ဦးမောင်စံချေက ပြောသည်။

“သူတို့နှစ်ယောက်လုံးက တစ်ရွာတည်းကပါ၊ တောင်ကိုပေါင်းပင်သွားနုတ်တာကပြန်လာတာပါ၊ တောင်ယာကအပြန်မှာမိုးကြိုးပစ်ခံရတာပါ” ဟုပြောသည်။

ပြီးခဲ့သည် မေလတွင်လည်း မင်းပြားမြို့နယ်၊ ရမ်းဗြဲမြို့၊ ကျောက်ဖြူ၊ ရသေ့တောင်တို့တွင် မိုးကြိုးပစ်ခံရပြီး ဆယ်ကျော်သက်အရွယ် လူငယ် ၅ယောက် သေဆုံးခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်