ABN- နွယ်စိုး
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် ယနေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်က စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ခွါဖိုရွာကို တိုက်လေယာဥ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ပြည်သူ ၁၀ ဦးသေဆုံးပြီး ၂၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ ၁၀ ဦးထဲတွင် ခရစ်ယာန် ဘာသာရေးဆရာ Mr. Za Mawng ၏ သမီး ၂ ဦး၊ မြေး ၂ ဦးလည်း ပါဝင်ကြောင်း ဒေသတွင်း သတင်းဌာနများမှသိရသည်။
ထို့အပြင် နေအိမ်များလည်း မီးလောင် ပျက်စီးသွားကြောင်း သိရသည်။
ဓာတ်ပုံ- စစ်ကောင်စီတပ်က တိုက်လေယာဥ်ဖြင့် လာရောက် ပသ်ခတ်မှုကြောင့် သေဆုံးသွားသူများ/FB collections





