Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းပြည်နယ် ခွာဖိုရွာကို စကစက လေကြောင်းဖြင့် တိုက်ခိုက်ခြင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း CNF ထုတ်ပြန်

ချင်းပြည်နယ် ခွာဖိုရွာကို စကစက လေကြောင်းဖြင့် တိုက်ခိုက်ခြင်းမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုကျူးလွန်ခြင်းဖြစ်ကြောင်း CNF ထုတ်ပြန်

ABN-မေအိအိအောင်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် ခွာဖိုကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခြင်းသည် လူမျိုးသုဉ်းသတ်ဖြတ်မှု ကျူးလွန်ခြင်းဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး CNF ကထုတ်ပြန်သည်။

ယင်းထုတ်ပြန်ချက်ကို ယမန်နေ့ မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၃၀ ရက်နေ့ တွင် ထန်တလန်မြို့နယ်၊ ခွာဖိုရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် ခွာဖိုရွာမှ အပြစ်မဲ့ပြည်သူ အမျိုးသမီး ၅ ဦး နှင့် အမျိုးသား ၃ ဦးသေဆုံးခဲ့ပြီး ကလေးများအပါအဝင် ဒဏ်ရာရသူ စုစုပေါင်း ၁၁ ဦးရှိခဲ့သည့်အပြင် နေအိမ် ၁၃ ဆောင်ပျက်စီးခဲ့သည်။

ထိုကဲ့သို့ စစ်ကောင်စီက အပြစ်မဲ့ပြည်သူများအပေါ် လူမဆန်စွာ အကြမ်းဖက်ဗုံးကြဲတိုက်ခိုက်ခြင်းသည် စစ်ရာဇဝတ်မှုကို ပြောင်းပြောင်းတင်းတင်းကျူးလွန်ချိုးဖောက်ခြင်းဖြစ်ပြီး ရည်ရွယ်ချက်ရှိရှိ လူမျိုးသုဉ်းသတ်ဖြတ်ခြင်းဖြစ်သဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း CNF ထုတ်ပြန်သည်။

ယင်းအပြင် CNF/CNA အနေဖြင့် အကြမ်းဖက်စစ်ကောင်စီများ ကျဆုံးသည့်အထိ ရည်မှန်းချက်တူတိုင်းရင်းသား ညီနောင်မဟာမိတ်များ၊ NUG အစိုးရ၊ နွေဦးတော်လှန်ရေး၊ လက်နက်ကိုင်အင်အားစုများနှင့်အတူ ဆုံးခန်းတိုင် တိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်ထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ