Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းပြည်နယ်၊ မတူပီ စကစ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF -မတူပီတပ်များက ဝင်ရောက်စီးနင်းတိုက်ခိုက်၊ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး တစ်ဦးအပါအဝင် ၃ဦးသေဆုံး

ABN-ရာဟု

ချင်းပြည်နယ်၊ မတူပီ စစ်ကောင်စီ စစ်ဗျူဟာ ဌာနချုပ်စခန်းကို CDF-Matupiတပ်များက မေလ ၅ ရက်နေ့ ညနေပိုင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးတစ်ဦးအပါအဝင် ၃ဦးသေဆုံးသွား​သည်ဟု သိရသည်။

မတူပီ-ဟားခါးလမ်းမပေါ်တွင် အခြေစိုက်ထားသည့် စစ်ကောင်စီ၏ မဟာဗျူဟာ ဌာနချုပ် စခန်းကို CDF -မတူပီတပ်ရင်း -၁ လင်းယုန်တပ်ရင်းက အထူးစစ်ဆင်ရေးအဖြစ် ယမန်နေ့ ညနေ ၄နာရီက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကာ စကစဘက်မှ စစ်သား၃ဦးသေဆုံးပြီး သေနတ်တစ်လက်ကိုပါ သိမ်းဆည်းရမိကြောင်း သိရသည်။

သေဆုံးသွားသည် စစ်ဗျူဟာမှူး DSA အပတ်စဉ် ၄၂ ကျောင်းဆင်း ဗိုလ်မှူးကြီး စိုးမင်းလတ်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

CDF- မတူပီ တပ်ရင်း ၁ ဘက်က တိုက်ပွဲတွင် တစ်စုံတစ်ရာ ထိခိုက်ကျဆုံးမှုမရှိဘဲ တပ်ဆုတ်လာနိုင်ခဲ့သည်ဟု ထုတ်ပြန် ပြောဆိုထားသည်။

ချင်းပြည်နယ်ရှိ စစ်ကောင်စီ၏ထယ်ဘွေးတပ်စခန်းသို့ ရိက္ခာလာပို့သည့် စကစ ယာဥ်တန်းကို အကြိမ်ကြိမ်တိုက်ခိုက်ပြီး စကစတပ်သား ၅၂ဦးကို CDF-Mutipiက ဧပြီလအတွင်းက တိုက်ခိုက်နိုင်ခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ