Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတစ်ဦးအပါအဝင် အရပ်သား ၂ ဦးသေဆုံး

ABN-မေအိအိအောင်

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ တလန်လိုရွာတွင် ယမန်နေ့က စစ်ကောင်စီတပ်က ဂျတ်တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့်ကျောင်းဆရာမတစ်ဦးအပါအဝင် ရပ်သား ၂ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ယမန်နေ့ ဧပြီလ ၂၇ ရက်နေ့ ညေန ၃ နာရီခွဲခန့်တွင် CNA ဌာနချုပ်အနီး ၁၀မိုင် အကွာတွင်ရှိသည့် တလန်လိုရွာသို့ စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဗုံး ၂ လုံးကြဲချခဲ့သောကြောင့် ကျေးရွာနေ ဆရာမ ၁ ဦးနှင့် ရွာသား ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

သေဆုံးသွားသူများမှာ ဆရာမ ဒေါ်နီဒိမ်နှင့် ရွာသား ၂ ဦးတို့ ဖြစ်ကြသည်။

ထို့အပြင် လေကြောင်း တိုက်ခိုက်ခံရမှုကြောင့် ခရစ်ကျောင်းနှင့် နေအိမ်များလည်းပျက်စီးကြောင်းသိရသည်။

ဧပြီ ၂၆ ရက်နေ့ကလည်း ဟားခါးမြို့နယ် ချွန်ကျုံးရွာနှင့် သီးမစ်ချောင်းရွာ အတွင်း တပ်စွဲထားသော စစ်ကောင်စီစခန်းနှစ်ခု ကို CNF ရဲဘော်တို့တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှုများခဲ့ကြောင်းသိရသည်။

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်တွင် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆရာမတစ်ဦးအပါအဝင် အရပ်သား ၂ ဦးသေဆုံး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ