Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းတွင် အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ကို CDF- Paletwa ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ

ချင်းတွင် အင်အားဖြည့်တင်းရန်လာသည့် စစ်ကောင်စီတပ်ကို CDF- Paletwa ကြားဖြတ်တိုက်ခိုက်၊ စစ်ကောင်စီတပ်သား ၅ ဦးသေ

ABN -ရာဟု

ချင်းပြည်နယ်တွင် အင်အားဖြည့်တင်းရန်လာသည့် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်သားများကို လမ်းခုလတ်တွင် CDF-Paletwa အဖွဲ့မှ ကြားဖြတ်တိုက်ခိုက်ခဲ့သည် ဟု မတ်လ ၈ရက်နေ့က ထုတ်ပြန်ထားသည်။

လိုင်လင်းပီမြို့မှ မတူပီမြို့နယ် ထေဘွေ့စခန်းသို့ အင်အားဖြည့်တင်းရန်လာသည့် အာဏာသိမ်းအကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းအား ပလက်၀မြို့နယ် ကိန်းကန်းကုန်းကျေးရွာနှင့် စခီဟာကျေးရွာကြားရှိ ဗာမီးချောင်းလမ်းခုလတ် တစ်နေရာတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

တိုက်ပွဲမှာ နေ့လည်၁ နာရီမှ ၂နာရီအထိ တိုက်ပွဲ ၁ နာရီခွဲခန့်ကြာခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်သားး၅ဦးသေဆုံးခဲ့ကာ ၁၁ ဦးထိခိုက်ဒဏ်ရာ အပြင်းအထန် ရရှိခဲ့သည်ဟုသိရသည်။

CDF-Paletwa ဖက်မှ တိုက်ပွဲတွင် ထိခိုက်ဒဏ်ရာများ ရရှိခြင်းမရှိဘဲ ကောင်းမွန်စွာ ပြန်လည်ဆုတ်ခွာ နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၈ ရက်နှင် ၁၂ရက်နေ့တို့တွင်လည်း အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီနှင့် CDF -Paletwa တို့ကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီး ဖေဖော်ဝါရီလ ၁၄ရက်နေ့ကလည်း မတူပီ-ဆမီး-ပလက်၀လမ်းမကြီး တလျှောက်ရှိ ကျေးရွာများတွင် စစ်ကောင်စီတပ်၏ အင်အားဖြည့် ထိုးစစ်ဆင်မှုကြောင့် တိုက်ပွဲများအချိန် မရွှေးဖြစ်လာနိုင်သဖြင့် ပြည်သူများအသွားအလာ သတိရှိစေရန် ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ