သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ချင်းညီနောင်တပ် ၂ နှစ်ပြည့် အထိမ်းမှတ်နေ့တွင် ULA/ AA နှင့် မဟာမိတ်တပ်များအား ကျေးဇူတင်‌ကြောင်းပြောဆို

AB News – ဒီဇင်ဘာ ၃၁၊ ၂၀၂၅
LOKI

ချင်းညီနောင်တပ် (Chin Brotherhood) CB ၂ နှစ်ပြည့် အထိမ်းအမှတ်နေ့ဖြစ်သော ယမန့်နေ့ ဒီဇင်ဘာလ ၃၀ရက်နေ့ တွင် ၎င်းတို့တပ်အား ထောက်ပံ့ကူညီခဲ့သူများအပေါ် ကျေးဇူးတင်‌ကြောင်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

အဆိုပါထုတ်ပြန်ချက်တွင် CB ကို အစဉ်တစိုက်ကူညီထောက်ပံ့ခဲ့သည့် အာရက္ခတပ်တော် ULA/ AA နှင့် တော်လှန်ရေးမဟာမိတ်တပ်များအား အထူးပြုကျေးဇူးတင်ကြောင်းနှင့် ပြည်ပမှနေပြီး တော်လှန်ရေးတပ်အတွက် ‌ကူညီခဲ့သူများကိုလည်း အသိမှတ်ပြု ဂုဏ်ပြုကျေးဇူးတင်ထားကြောင်း တွေ့ရသည်။

အကြမ်းဖက်စစ်ကော်မရှင်အား အမြစ်ပြတ်နှိမ်နှင်းရေးတွင် အသက်၊ သွေး‌၊‌ ချွေးနှင့် အနာဂတ်များကို စွန့်လွှတ်တိုက်ပွဲဝင်ရင်း ထိခိုက်၊ ကျဆုံး၊ အသက်ပေးခဲ့ရသော CB ရဲဖော်များနှင့် မဟာမိတ်ရဲဘော်များကို လေးနက်စွာတန်ဖိုးထား၍ ဂုဏ်ယူအောက်မေ့လျက် ရှိကြောင်းကိုလည်း ဖော်ပြထားသည်။

ချင်းညီနောင်အခြေစိုက်ရာ မြို့နယ်များဖြစ်သည့် မတူပီမြို့နယ်၊ မင်းတပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ ဖလမ်းမြို့နယ်၊ မရာဒေသနှင့် ဒိုင်ရ်ဒေသတို့တွင် စကမတပ်များကို မဟာမိတ်တပ်များနှင့် ပြည်သူများ၏ အကူညီဖြင့် အပြတ်အသတ် မောင်းထုတ်ရှင်းလင်းနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင်တွေ့ရသည်။

၎င်းတို့ထိန်းချုပ်ဒေသများတွင် ပြည်သူလူထုမှ ရွေးကောက်တင်မြှောက်သည့် bottom-up approach ဖြင့် စနစ်တကျ ဖွဲ့စည်းထားပြီး မြို့နယ်ဒေသအလိုက် အုပ်ချုပ်ရေးအဖွဲ့များမှ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး အစခပ်သိမ်းတို့ကို့ အားသွန်ခွန်စိုက် ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ယခုအခါ အဆိုပါ ချင်းညီနောင်တပ် CB သည် တော်လှန်ရေး‌တပ်ဖွဲ့ ၁၉ ဖွဲ့ဖြင့် ပူးပေါင်းဖွဲ့စည်းထားသော နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု Spring Revolution Alliance (SRA) တွင် အားတက်သရောပါဝင်ကာ စကမအမြစ်ပြတ်‌‌ရေးတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တော်လှန်ရေးအောင်မြင်ရေးအတွက် ဆက်လက်ပါဝင်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်