Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခေါက်ဆွဲခြောက်ထုတ် ၃ သောင်း အသင့်ပြင်ဆင်ထားကြောင်း စကစ လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီးပြော

ခေါက်ဆွဲခြောက်ထုတ် ၃ သောင်း အသင့်ပြင်ဆင်ထားကြောင်း စကစ လူကယ်ပြန် ပြည်ထောင်စု ဝန်ကြီးပြော

ABN-ရှိုင်းမိုး

ရခိုင်တွင် မုန်တိုင်းသင့်ခဲ့လျှင် အဆင်သင့်ဖြစ်ရန်အတွက် ခေါက်ဆွဲခြောက်ထုတ် ၃သောင်း ပို့ပေးမည်ဟု စကစလူကယ်ပြန် ပြည်ထောင်စုဝန်ကြီး ဒေါ်သက်သက်ခိုင်က ပြောသည်။

ထို ခေါက်ဆွဲထုတ်များသည် ရခိုင်ပြည်နှင့် မြန်မာနိုင်ငံအတွင်းသို့ မုန်တိုင်းဖြတ်သန်းဝင်ရောက်ပါက ဘေးဒဏ် ခံစားရနိုင်သည့်ပြည်သူများအတွက် အရေးပေါ်ထောက်ပံ့မှုများဆောင်ရွက်နိုင်ရန် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ မြန်မာသံရုံး၏ စည်းရုံးဆောင်ရွက်မှုဖြင့် ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများက စုပေါင်းလှူဒါန်းထားခြင်းဖြစ်သည်ဟုသိရသည်။

အသင့်စားခေါက်ဆွဲခြောက်ထုတ် ၁၅၈၆၄၀ ထုတ်အလှူရထားပြီး ထိုအထဲမှ ရခိုင်ပြည်သို့ ၃ သောင်း၊ ဧရာဝတီသို့ ၃ သောင်းနှင့် ကျန် ၁ သိန်းခန့် ခေါက်ဆွဲခြောက်ထုတ်များကို ရန်ကုန် ဘေးစီမံတွင် သိမ်းထားမည်ဟုပြောသည်။

ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းတွင် ဖြစ်ပေါ်လျက်ရှိသော လေဖိအားနည်းရပ်ဝန်းသည် တဖြေးဖြေးအားကောင်း လာကာ ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိလာနိုင်ကြောင်း ခန့်မှန်းချက်များအရသိရသည်။

ထိုမုန်တိုင်းသည် မေလ ၁၃ရက်နေ့ညပိုင်းမှစတင်၍ ချောင်းသာနှင့် ဂွကြားကိုဦးတည်ရွေ့လျားနေသည်ဟုခန့်မှန်းကြသည်။ ထိုမုန်တိုင်းသည် လိုင်းအမြင့်ပေ ၂၀အထိရှိနိုင်ပြီး၊ မုန်တိုင်းဗဟိုအမြင့် ၂၈ ပေအထိရှိနိုင်မည်။

ဆိုင်ကလုန်းမုန်တိုင်းနှင့်ပတ်သက်ပြီး ULA/AA ထိန်းချုပ်ရာ ဒေသများတွင်လည်း လော်စပီကာဖြင့်သတိပေးခြင်း၊ စာရွက်စာတမ်းများကပ်၍ အသိပေးခြင်းများပြုလုပ်လျှက်ရှိကြောင်း သိရသည်။

အရေးပေါ်ကူညီကယ်ဆယ်ရေးအတွက် HDCO က ဦးစီးပြီး လူမှုကယ်ဆယ်ရေးများကို ပြုလုပ်သွားရန် စီစဥ်ထားကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ