သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခလယ်ဒေး စခန်းကို KNLA သိမ်းပိုက်

AB News – မတ် ၂၆၊ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်အတွင်းရှိ စစ်ကောင်စီ၏ ခလယ်ဒေးစခန်းကို ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော်(KNLA) က တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) က မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်သည်။

ခလယ်ဒေးစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးပူး​ပေါင်းတပ်ဖွဲ့များက မတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီတွင် အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။

KNLA တပ်မဟာ(၇) မှ တပ်မဟာမှူးကိုယ်တိုင် ဦးဆောင်ပြီး KNLA တပ်ရင်း ၂၂ နှင့် မဟာမိတ်တပ်ဖွဲ့များက မတ်လ ၂၂ ရက်နေ့ ညပိုင်းတွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၃ ရက်အကြာ မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့သည်။

သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများမှာ-

၁။ ပွိုင့် (၅)တစ်လက်၊

၂။ ပွိုင့် (၅)ပြောင်း (၂) ချောင်း၊

၃။ ၆၀ မမ အရှည် (၁) လက်၊

၄။ ၆၀ မမ အတို (၁) လက်၊

၅။ RPG-7 (၁) လက်၊

၆။ MA-2 (၃) လက်၊

၇။ Jammer (၁) လုံး၊

၈။ မီးစက် အကြီး (၁) လုံး၊

၉။ မီးစက် အသေး (၁) လုံး၊

၁၀။ မိုင်းရှာစက် (၁) ခု၊

၁၁။ ရှေ့ထွက်မိုင်း (၆) လုံး၊

၁၂။ ၁၆ နင်းမိုင်း (၂) လုံး၊

၁၃။ ၆၀ မမ ကျည် (၂၇) လုံး၊

၁၄။ ခွေးဗုံး (၁) လုံး၊

၁၅။ ၈၁ မမ ကျည် (၂) လုံး၊

၁၆။ ၄၀ မမ ကျည် (၃၂) လုံး၊

၁၇။ RPG-7 ကျည် (၁၄) လုံး၊

၁၈။ ၇.၆၂ ကျည် (၂) သောင်း၊

၁၉။ ၅.၅၆ ကျည် (၈) ထောင်၊

၂၀။ တိုက်မိုင်း (၆၀) လုံး၊

၂၁။ ခမောက် (၈) လုံး၊

၂၂။ ဆိုလာ (၄) ချပ်တို့ ဖြစ်သည်။

တိုက်ပွဲအတွင်း လက်နက်ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပြီး စစ်ကောင်စီတပ်သားများ ထွက်ပြေးခဲ့ကြောင်း သိရသည်။

တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထွက်ပြေးသွားသော စစ်ကောင်စီတပ်သားများကို လိုက်လံရှင်းလင်းနေကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ