Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ခင်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီထံမှ လက်နက်များသိမ်းဆည်းရရှိ

ခင်ဦးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီထံမှ လက်နက်များသိမ်းဆည်းရရှိ

ABN-ထက်မြတ်ခင်

အောက်တိုဘာ ၁၇ရက်

စစ်ကိုင်းတိုင်း ခင်ဦးမြို့ ဗလီကွေ့အနီးတွင် စစ်ကောင်စီတပ်သားများနှင့် မြို့နယ်ပကဖအထူးအဖွဲ့တို့ ယနေ့ နံနက်ပိုင်းအချိန်က ပစ်ခတ်မှုများဖြစ်ပြီး စစ်ကောင်စီတပ်သားများထံမှ လက်နက် နှစ်လက်ကို သိမ်းဆည်းရရှိခဲ့သည်ဟု ဒေသတွင်းသတင်းများအရသိရသည်။

ဗလီကွေ့အနီးတွင် စစ်ကောင်စီတပ်ဖွဲ့များအား ဒေသကာကွယ်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား(၃)ဦးသေဆုံးပြီး MA1 တစ်လက်၊ G3 တစ်လက်တို့ကို သိမ်းဆည်းရရှိခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦးလည်း ကျည်ထိမှန်သေဆုံးကြောင်းခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ (၁၅)ရက်နေ့ကလည်း ခင်ဦးမြို့နယ် အနောက်တောင်ခြမ်းတွင် စစ်ကြောင်းထိုးနေသော အင်အား(၁၂၀)ပါ စစ်ကောင်စီတပ်ဖွဲ့သည် ရုံးစုမြောက်(ညောင်ပင်ကြီးစု)ရွာအတွင်း နင်းမိုင်းများထောင်ထားခဲ့ရာ အောက်တိုဘာလ (၁၆)ရက်နေ့ နံနက်ပိုင်းတွင် ရွာသို့ပြန်ဝင်သည့် အသက်(၃၅)နှစ်အရွယ် အရပ်သား အမျိုးသားတစ်ဦး မိုင်းနင်းမိပြီး ခြေထောက်ပြတ်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

ထို့အပြင်အောက်တိုဘာလ ၁၄ရက်နေ့မှ ၁၆ရက်နေ့အထိ စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ရေဦး-ညောင်ပင်သာ ကားလမ်းအနီးတစ်လျှောက်ကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသောကြောင့် ကျေးရွာ(၁၀)ခန့်မှ ဒေသခံ ၇ ထောင်ခန့်သည် စစ်ဘေးတိမ်းရှောင်နေရကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ