Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကွက်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာထဲတွင် စစ်ကောင်စီက လေယာဥ်ဖြင့် ဗုံးကြဲ၊ ဒေသခံ ၁ ဦး သေဆုံး

AB News-နိုဝင်ဘာ ၂ ရက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွက်ခိုင်မြို့နယ် ကာလိုင်ကျေးရွာစျေးအနီးတွင် ယနေ့ နေ့လယ် ၂ နာရီအချိန် စစ်ကောင်စီက လေယာဥ်ဖြင့် ၂ ကြိမ် လာရောက် ဗုံးကြဲခဲ့သောကြောင့် ဒေသခံ ၁ ဦးသေဆုံးသွားခဲ့ကြောင်း သိရသည်။

လေယာဥ်ဖြင့် ဗုံးကြဲခဲ့သောကြောင့် ကာလိုင်ကျေးရွာမှ ရွာသား ၁ ဦးနေရာတွင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး နေအိမ် ၂ လုံးနှင့် ဆိုင်ခန်း ၅ လုံး ထိခိုက်ပျက်စီးသွားကြောင်း ဒေသခံ ၁ ဦးက အတည်ပြုပြောသည်။

” ၁၂ လောက်ပေါ့။ ဟက်ဆကီး ၂ စီးက လာပတ်ကြည့်သွားတယ်။ အဲနောက်မှာတော့ ဂျက်လေယာဥ်း ၁ စီးက ၂ ကြိမ်လောက် လာရောက်ဗုံးကြဲသွားခဲ့တာ “

နောက်ထပ် သေကြေပျက်စီးမှုများ ရှိ မရှိကိုမူ အတည်ပြုနိုင်ရန် ခက်ခဲကြောင်း ပြောသည်။

စစ်ကောင်စီက ကျေးရွာထဲတွင် TNLA တပ်ဖွဲ့များ ရှိသည့်အထင်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ဒေသခံများက ပြောသည်။

လက်ရှိတွင် ဒေသခံအများစုသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်လျက်ရှိကြပြီး အချို့မှာ ရပ်ရွာထဲရှိ ဗုံးခိုကတုတ်ကျင်းများတွင် ခိုလှုံလျက် ရှိကြောင်း ပြောသည်။

စစ်ကောင်စီတပ်နှင့် ညီနောင်မဟာမိတ် ၃ ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ပြင်းထန်လျက်ရှိနေပြီး စစ်ကောင်စီဖက်က လက်နက်ချ အလင်းဝင်လာသူ ၁၀၀ ကျော်ထိ ရှိလာနေပြီဟု သိရသည်။

ဓာတ်ပုံ/သတင်း-Local CJ

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ