Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်သတ်ပြီး အရပ်သား၁၇ဦး တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွား

ABN-ထက်မြတ်ခင်

ဇူလိုင် ၁၈ရက်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲတွင် ဖြစ်ပွားနေသည့် တိုက်ပွဲအတွင်း အရပ်သား ၂ ဦး သေဆုံးပြီး အရပ်သား၁၇ဦးတို့ကို စစ်ကောင်စီတပ်က ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားသည်။

KNU တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို စစ်တပ်အင်အား ၉၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ပြီးခဲ့သည့်ဇူလိုင် ၁၄ ရက်နေ့မှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်ဖွဲ့က စောင့်ကြိုတိုက်ခိုက်ခဲ့ရာကနေ တစ်နေကုန်နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။

တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း ခရီးသည်တင်ယာဉ်တစ်စီး ဖြတ်သန်းသွားရာ စစ်ကောင်စီတပ်က ရည် ရွယ်ချက်ရှိရှိ ပစ်ခတ်လိုက်သည့်အတွက် ကားပေါ်ပါသည့် အရပ်သား ၂ ဦး သေဆုံးသွားခဲ့ပြီး ၁၇ ဦး ဒဏ်ရာရရှိသွားခဲ့ကာ ဒဏ်ရာရရှိသူများကို စစ်ကောင်စီတပ်က လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း နဂါးနီစစ်ကြောင်းက သတင်းထုတ်ပြန်ထားသည်။

ထိုနေ့ည ၉ နာရီအချိန်တွင် အရပ်သား ၂ ဦးမှာ မိုးရွာနေသည်ကို အခွင့်ကောင်းယူကာ စစ်ကောင်စီတပ်ထံမှ ထွက်ပြေးလွတ်မြောက်လာခဲ့ကာ လွတ်မြောက်လာသည့်အရပ်သား ၂ ဦးကို နဂါးနီစစ်ကြောင်းက စောင့်ရှောက်ကူညီထားသည်ဟု သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ခလယ်တံခွန်တိုင်ကျေးရွာအုပ်စုထဲကို ပြီးခဲ့သည့် ဇွန်လကုန်ပိုင်းကစစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီး လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည့်အတွက် ခလယ်၊ ပုလိန်၊ တံခွန်တိုင်၊ ငြိမ်းချမ်းမြိုင်၊ နောင်ဒေးစတဲ့ ကျေးရွာများက ဒေသခံပြည်သူ ၁၅၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရသည်ဟု သတင်းထုတ်ပြန်ချက်အရ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့တွင် စစ်ကောင်စီတပ်က အရပ်သား ၂ ဦးကို ပစ်သတ်ပြီး အရပ်သား၁၇ဦး တို့ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်သွား

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ