သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကြပ်စင်တံတားမှ ခုန်ချအဆုံးစီရင်ခဲ့သည့် LGBT စုံတွဲ ရုပ်အလောင်းများ တွေ့ရှိ

AB News – သြဂုတ် ၁၅၊ ၂၀၂၅
ချန်ဒြာ

ရက္ခိုင်ပြည်၊ မင်းပြားမြို ကြပ်စင်တံတားပေါ်မှ သြဂုတ်လ ၁၂ ရက်နေ့ ၊ ညနေပိုင်းတွင် ရေထဲသို ခုန်ချအဆုံးစီရင်ခဲ့ကြသည့် LGBT စုံတွဲနှစ်ဦး၏ ရုပ်အလောင်းများကို သြဂုတ်လ ၁၄ ရက်နေ့တွင် ပြန်လည်တွေ့ရှိခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါ စုံတွဲနှစ်ဦးမှာ မင်းပြားမြို၊ ဥက္ကာပျံရပ်ကွက်မှ အသက် ၂၂ နှစ်အရွယ် ခင်မိုးသန်း (Tomboy) နှင့် ပေါက်တောမြိုနယ်၊ ယင်ရဲကန်ကျေးရွာမှ အသက် ၂၃ နှစ်အရွယ် မယီယီသန်း တိုဖြစ်ကြောင်း သိရသည်။

ခင်မိုးသန်း၏ ရုပ်အလောင်းကို သြဂုတ်လ ၁၄ ရက်နေ့၊ နံနက် ၉ နာရီခန့်တွင် ကျားပိုက္ကေကျေးရွာ မြစ်ကမ်းအနီး၌ တွေ့ရှိခဲ့ပြီး၊ မယီယီသန်း၏ ရုပ်အလောင်းကိုမူ နေ့လယ် ၁၂ နာရီခန့်တွင် သင်္ဂနားကျေးရွာ မြစ်ကမ်းနား၌ တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မင်းပြားမြိုမှ ဒေသခံတစ်ဦးက “LGBT ကို လက်ခံတဲ့ပတ်ဝန်းကျင်က ရှားပါတယ်။ ပတ်ဝန်းကျင်ရဲ့ အပြောအဆိုနဲ့ နှိမ့်ချဆက်ဆံမှုဒဏ်တွေကို မခံနိုင်လို အဆုံးစီရင်သွားကြတာ ဖြစ်နိုင်ပါတယ်” ဟု ဆိုသည်။

ရုပ်အလောင်းများကို ဒေသခံများနှင့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ၏ ဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးဌာန (DLEPS) တို ပူးပေါင်းရှာဖွေခဲ့ကြခြင်းဖြစ်ပြီး၊ တွေ့ရှိပြီးနောက် နေ့လယ်ပိုင်းတွင်ပင် မီးသင်္ဂြိုဟ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ