Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်ဖြူမြို့သို့ ကုန်ပစ္စည်းဝယ်ယူရန်လာသည့် မြေပုံဒေသခံ ၄ဦး ဖမ်းဆီးခံရ

ကျောက်ဖြူမြို့သို့ ကုန်ပစ္စည်းဝယ်ယူရန်လာသည့် မြေပုံမြို့နယ်မှ ဒေသခံ အရပ်သား ၄ဦးကို ယမန်နေ့ မေလ ၈ရက်၊ နံနက် ၁၁ နာရီခန့်အချိန်တွင် စစ်ကောင်စီရေတပ်မှ ဖမ်းဆီးခဲ့ကြောင်း ဒေသခံများက အတည်ပြုပြောဆိုသည်။

ဖမ်းဆီးခံရသူများမှာ မြေပုံမြို့နယ်၊ စညှင်းကျေးရွာမှ ဦးကျော်သန်းအေး ၄၅နှစ်၊ ဦးဇော်ဇော် ၃၀နှစ်၊ ကိုညီညီဇော် ၂၂နှင့် ကမ်းထောင်းကြီးမြို့မှ ဦးမျိုးခိုင် ၅၀နှစ်တို့ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၁၁ နာရီခန့်အချိန်တွင် ကျောက်ဖြူမြို့သို့ ကုန်ပစ္စည်းဝယ်ယူရန်လာသည့် မြေပုံမြို့နယ်မှ ဒေသခံ အရပ်သား ၄ဦးကို စစ်ကောင်စီအဖွဲ့မှ ဖမ်းဆီးခဲ့သည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက AB News သို့ ပြောဆိုသည်။

“ဖမ်းဆီးခံရသူတွေဟာ မြေပုံနယ်ဘက်ကလို့ သိရပါတယ်။ စားကုန်ပစ္စည်းတွေ လာဝယ်ကြတာပါ။ သူတို့က အမ်းကို ဖြတ်ပြီး ကျောက်ဖြူ၊ စနဲတိုက်နယ်၊ ပိန္နဲတောင်မော်ကို ဟွန်ဒါနဲ့ ဖြတ်ကူးစဉ် စစ်ကောင်စီရေတပ်က တားဆီးပြီး ဖမ်းဆီးခဲ့ပါတယ်” ဟု ဆိုသည်။

ကျောက်ဖြူမြို့နယ်အတွင်းရှိ အထက်မဒေးကျွန်းနှင့် ပိန္နဲတောင်မော်ကြား ကျောက်ချရပ်နားထားသည့် စစ်ကောင်စီ၏ တိုက်ခိုက်ရေးရေယာဉ်မှ ကုန်ပစ္စည်းလာဝယ်သည့် မြေပုံဒေသခံ ၄ဦးကို ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံထားရသည့် မြေပုံမြို့နယ်မှ ဒေသခံ ၄ဦးတွင်ပါလာသည့် ပစ္စည်းများနှင့် ၎င်းတို့ စီးလာသည့် ဟွန်ဒါစစ်လှေများကိုပါ စစ်ကောင်စီအဖွဲ့က သိမ်းဆည်းထားကြောင်း သိရသည်။

ကျောက်ဖြူမြို့၊ ကညင်တောရပ်ကွက်မှ မြို့ခံအရပ်သားပြည်သူ ၂ဦးကို ဧပြီလ ၂၂ရက်၊ ညနေ ၅ နာရီခွဲအချိန်တွင် စစ်ကောင်စီတပ်သားများက အဓမ္မ ဖမ်းဆီးသွားခဲ့သည်။

ထို့အပြင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်ရွာမှ LGBT (လိင်ခံယူမှုစိတ်ကွဲပြားသူ) မောင်နှမ ၂ဦးကို အာရက္ခတပ်တော်(AA) အား ရိက္ခာပို့သည်ဟု စွပ်စွဲချက်ဖြင့် ဧပြီလ ၁၉ ရက်နေ့ကလည်း စစ်ကောင်စီအဖွဲ့က မတရား ဖမ်းဆီးခဲ့သည်ဟု သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ
မိုခါ မုန်တိုင်းကြောင့် ကျောက်ဖြူမြို့ ရှိ ပညာရေးကောလိပ်မှာ ထိခိုက်ပျက်စီးမှုများရှိနေပြီး ဆရာ၊ဆရာမ ဝန်ထမ်းငါးဆယ်ကျော်ကို သက်ဆိုင်ရာမှ ရွှေ့ပြောင်းရန်စီစဉ်နေကြောင်း သိရှိရသည်။