
AB News – ဖေဖော်ဝါရီလ ၁၇၊ ၂၀၂၆
စစ်ကော်မရှင်၏ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရသည့် ကျောက်ဖြူမြို့နယ်မှ ဒဏ်ရာရပြည်သူများမှာ ဆေးဝါးကုသရန် ငွေကြေးအခက်အခဲဖြစ်နေကြောင်း ဒေသတွင်းပရဟိတလုပ်ငန်းများလုပ်ကိုင်နေသည့် ဇင်ချောင်းလူငယ်ပရဟိတအသင်းမှ သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ကျောက်ဖြူမြို့နယ်ရှိ ဝမျှောင် နှင့် င/အုပ် ကျေးရွာကို စကမ က ဂျက်ဖိုက်တာနှင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် ကလေးတစ်ဦးအပါအဝင် ပြည်သူ ၂ ဦးသေဆုံးခဲ့ပြီး ၈ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ဗုံးကြဲမှုအတွင်း ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒေသခံပြည်သူများမှာ လက်ရှိတွင် ဆေးဝါးကုသရန် ငွေကြေးအခက်အခဲများစွာနှင့် ဆိုင်ရင်ကြုံတွေ့နေရပြီး ငွေကြေးထောက်ပံ့ကူညီကြရန် ပြည်တွင်း/ပြည်ပ အလှူရှင်များကို ဇင်ချောင်းလူငယ်ပရဟိတအသင်းမှ တောင်းဆိုထားသည်။
ပုံစာ – ကျောက်ဖြူမြိုနယ်တွင် စစ်ကော်မရှင်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် အရပ်သားပြည်သူများ။(ဓာတ်ပုံ/ဇင်ချောင်းလူငယ်ပရဟိတအသင်း)