AB News – ဧပြီ ၂၆ ၊ ၂၀၂၅
မန္တလေးတိုင်း ၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စစ်ကောင်စီ၏ ပြည်သူ့စစ်ခေါင်းဆောင် (ဝါ) မှုခင်းသတင်းထောက် ဌေးနိုင်ကို Popa Production & Guerilla Force – PPGF ( ပုပ္ပါးပြောက်ကျားတပ်ဖွဲ့) က ဖမ်းဆီးစဥ် ခုခံထွက်ပြေးသောကြောင့် ပစ်ခတ်ခံခဲ့ရကာ သေဆုံးခဲ့ကြောင်း သိရှိရသည်။
သေဆုံးခဲ့သူ ဌေးနိုင်မှာ မင်းဘူးမြို့နယ် ခလရ (၈၈) လက်အောက်ခံပြည်သူ့စစ်ခေါင်းဆောင် ကိုယ်ပိုင်အမှတ် (၈၈၀၀၈) ဖြစ်ပြီး၊ SH မီဒီယာ သတင်းဌာန၏ တွဲဖက်သတင်းထောက်ချုပ်လည်း ဖြစ်ကြောင်းသိရှိရသည်။
ဧပြီလ ၂၂ ရက်နေ့တွင် ကျောက်ပန်းတောင်မြို့နယ် လမ်းဘေးတစ်နေရာ၌ ပြည်သူ့စစ်ခေါင်းဆောင် (ဝါ) မှုခင်းသတင်းထောက် ဌေးနိုင်နှင့် အမျိုးသမီး ၁ ဦးသည် ဗိုလ်မှူးမင်းဝေ၏ ကားကို မောင်းနှင်လာစဉ် PPGF တပ်ဖွဲ့က အသင့်စောင့်ကြိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ထိုသို့ ပြည်သူ့စစ်ခေါင်းဆောင် (ဝါ) မှုခင်းသတင်းထောက်ဌေးနိုင်နှင့် အမျိုးသမီး ကို PPGF အဖွဲ့က ဖမ်းဆီးစဥ် ခုခံထွက်ပြေးသည့်အတွက် ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၎င်း တို့ ၂ ဦးလုံးသည် ယင်းနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း PPGF ၏ တာဝန်ရှိသူ ၁ ဦးက မီဒီယာများတွင် ဖြေကြားထားသည်ကို တွေ့ရှိရသည်။
၎င်းနှင့်အတူ ပါလာသော အမျိုးသမီးမှာ သိမ်းဆည်းရရှိထားသည့် ဖုန်းပါ အချက်အလက်များအရ ၎င်း၏ ဇနီးဖြစ်သော်လည်း တရားဝင် ဇနီးမယားမဟုတ်ကြောင်း PPGF တပ်ဖွဲ့၏ ဒုတာဝန်ခံက သုံးသပ်ပြောဆိုထားသည်။
သေဆုံးခဲ့သူများ မောင်းနှင်လာသော ကားထဲတွင် ကာဘိုင်ကျည် ၇၉ ထောင့် ၊ ကျည်ဘောက် ၁ ဘောက် ၊ ဗုံးသီး ၁ လုံး ၊ icon ၁ လုံး ၊ ဓား ၁ ချောင်း ၊ ဖုန်း ၄ လုံး၊ဝန်ထမ်းကတ် ၊ ဘက်တံဆိပ်နှင့် စပ်ဆက်ပစ္စည်းများသိမ်းဆဲရရှိခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ပစ်ခတ်မှု ဖြစ်စဥ်အတွင်း PPGF မှ တပ်သား ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။