သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်မြို့တွင် အမှိုက်များကို စနစ်တကျစွန့်ပစ်နိုင်စေရေး ဌာနဆိုင်ရာ အသင်းအဖွဲ့များ ပူးပေါင်းလုပ်ဆောင်နေ

AB News မတ် ၅၊ ၂၀၂၆
LOKI

ရက္ခိုင်ပြည်၊ ကျောက်တော်မြို့အတွင်း စွန့်ပစ်အမှိုက်သရိုက်များကို ပြည့်သူလူထုများ စနစ်တကျစွန့်ပစ်နိုင်စေရန် မြို့နယ်ဌာနဆိုင်ရာအဖွဲ့အစည်းများဖြစ်ကြသည့် မြို့နယ်စည်ပင်ဌာန၊ DELPSဌာန၊ HDCOနှင့် ကျောက်တော်လူငယ်များအစည်းအရုံး(KTYA)တို့ ပူးပေါင်းပြီး အမှိုက်‌ကောက် Cam၊paing တစ်ခုကို ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

အဆိုပါ ကမ်ပိန်းကို ပြီးခဲ့သည့် မတ်လ ၁ ရက် တနင်္ဂနွေနေ့တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကျောက်တော်မြို့ပေါ်ရှိ လမ်းများတွင် အမှိုက်များကို စနစ် သိမ်းဆည်းခြင်းနှင့် အမှိုက်ပုံးများ နေရာတကျ ချပေးခဲကြောင်း သိရှိရသည်။

အမှိုက်စွန့်ပစ်သူများအနေဖြင့် အမှိုက်များကို အမှိုက်စိုနှင့် အမှိုက်ခြောက်များကို ခွဲခြားပြီး စနစ်တကျ စွန့်ပစ်နိုင်စေရေးအတွက် အမှိုက်ပုံးများကို ခွဲခြားပြီး ချပေးထားခဲ့ကြောင်း သိရှိရသည်။

မြို့၊ရွာအတွင်းရှိ လမ်းများသန့်ရှင်းသပ်ရပ်ပြီး၊ မြို့ဂုဏ်အင်္ဂါကို မြှင့်တင်နိုင်ရန်နှင့် ပြည်သူလူထုများကျန်းမာပြီး အမှိုက်သရိုက်များကို စနစ်တကျစွန့်ပစ်တတ်စေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ကျောက်တော်လူငယ်များအစည်းအရုံး(KTYA) မှ အမှုဆောင်ဒါရိုက်တာ မသင်းအိဒါလီ မှ AB News သို့ ပြောကြားသည်။

“ကျမတို့ရည်ရွယ်ချက်ကတော့ မြို့နယ် သန့်ရှင်းပြီး‌ ပြည်သူအားလုံး ကျန်းမာရေးကောင်းမွန်ဖို့ အမှိုက်‌တွေကို စည်းကမ်းတကျ စွန့်ပစ်ဖို့ပါ။ ကျမတို့ တစ်ဦးတစ်ယောက်ချင်းက‌နေ စပြီး အမှိုက်‌တွေကို စနစ်တကျ ခွဲခြားပြီး‌တော့ စွန့်ပစ်မည်ဆိုရင် ကျမတို့ မြို့ဂုဏ်သိက္ခာကို မြှင့်တင်ရာလည်း ရောက်ပါလိမ့်မယ်” ဟု ဆိုသည်။

ဓာတ်ပုံ – ကျောတော်လူငယ်များအစည်းအရုံး(KTYA)

Arakan Bay News #AB_News #အမှိုက်များကိုစနစ်တကျစွန့်ပစ်နိုင်စေရေး #မြို့နယ်စည်ပင်ဌာန #DLEPS #ကျောက်တော်လူငယ်များအစည်းအရုံး(KTYA) #KyaukTaw_Town #Rakhine

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ