သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျောက်တော်တွင် စစ်ဘေးရှောင် အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

AB News – သြဂုတ် ၁၁၊ ၂၀၂၅
ဒေဝီ

ကျောက်တော်မြိုတွင် စစ်ဘေးရှောင်စခန်းတစ်ခုမှ အသက် ၂၇ နှစ်အရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦးသည် ပြီးခဲ့သည့် သြဂုတ်လ ၈ ရက်နေ့ ညပိုင်းတွင် ကြိုးဆွဲချသေဆုံးနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များက ပြောသည်။

သိုသော်လည်း သေဆုံးသူ၏ မျက်နှာပေါ်တွင် ကုတ်ခြစ်ရာများ တွေ့ရှိရခြင်းကြောင့် ၎င်း၏ဇနီးဖြစ်သူနှင့် အချိုသော ဒေသခံများကငတ်မွတ်မှုကြောင့် သေဆုံးခြင်းမဟုတ်ဘဲ သံသယဖြစ်ဖွယ်ရာများ ရှိနေကြောင်း ပြောဆိုနေကြသည်။

သေဆုံးသူမှာ စစ်တွေမြိုနယ်၊ ချောင်းနွယ်၊ မင်းဂံရွာမှ ကိုနိုင်လင်းဖြစ်ပြီး ၎င်းသည် ကျောက်တော်မြိုနယ်၊ နေပူခံစစ်ဘေးရှောင်စခန်းတွင် ခိုလှုနေသူတစ်ဦးဖြစ်သည်။

ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်နေ့ညတွင် ကိုနိုင်လင်းသည် ရွှေတောင်ပေါက်ကျေးရွာရှိ ကင်းတဲတစ်ခုတွင် ကြိုးဆွဲချသေဆုံးနေသည်ကို အမျိုးသမီးတစ်ဦးက စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

ဒေသခံတစ်ဦးက “လည်ပင်းမှာ အဝတ်နဲ့ ကြိုးဆွဲချသေနေတာကို တွေ့ရတယ်။ ဘာဖြစ်လို သတ်သေသွားလဲဆိုတာတော့ မသိဘူး” ဟုဆိုသည်။

သိုသော်လည်း သေဆုံးသူ၏ ဇနီးဖြစ်သူ မခင်သန်းဝင်းကမူ ၎င်း၏ခင်ပွန်းသည် ကိုယ့်ကိုယ်ကိုယ် သတ်သေသွားသည်ဟု မယုံကြည်ကြောင်း ပြောသည်။

“ကျမတိုကြားထဲမှာလည်း စကားများထားတာ မရှိဘူး။ ပြီးတော့ ဒီပုံစံက ကြိုးဆွဲချသေတာ လုံးဝမဖြစ်နိုင်ဘူး။ တရားမျှတမှုရအောင် စုံစမ်း စစ်ဆေးပေးစေချင်ပါတယ်” ဟု ဆိုသည်။

သေဆုံးသူ၏ ရုပ်အလောင်းတွင်လည်း အမျိုးသမီးလက်သည်းကုတ်ရာဟု ယူဆရသည့် အမှတ်အသား ၂ ခုကို AB News က ကွင်းဆင်းတွေ့ရှိခဲ့ရသည်။

လက်ရှိတွင် အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ DELPS အဖွဲက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

ကိုနိုင်လင်းတွင် အသက် ၂၃ နှစ်အရွယ် ဇနီး မခင်သန်းဝင်းနှင့် အသက် ၅ နှစ်အရွယ် သားတစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ