သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကျိန္တလီတွင် မိုင်းပေါက်ကွဲ၍ အမျိုးသား ၁ ဦး ခြေတစ်ဖက် ပြတ်ထွက်သွား

AB News – မတ် ၃၁ ၊ ၂၀၂၅

ဂွမြို့နယ်တွင် စစ်ကျန်မိုင်းနင်းမိ၍ ယမန်နေ့ မွန်းတည်း ၁၁ နာရီ၊ ၃၀ မိနစ်ခန့်အချိန်တွင် အမျိုးသား ၁ ဦး ခြေတစ်ဖက် ပြတ်ထွက်သွားခဲ့ကြောင်း ဒေသခံများက ဆိုကြသည်။

စစ်ကျန်မိုင်းနင်းမိသူမှာ ကျိန္တလီတိုက်နယ်၊ ဆားချက်ကြီးကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးဇော်ဝင်းအောင် ဖြစ်ကြောင်း သိရသည်။

ယမန်နေ့ မတ်လ ၃၀ ရက်နေ့ ၊ မွန်းတည့် ၁၁ နာရီ ၃၀ မိနစ်အချိန်တွင် ဦးဇော်ဝင်းအောင်သည် တောင်ပေါ်သို့ ဟင်းရှာသွားစဥ် စစ်ကောင်စီ ထောင်ထားခဲ့သည့် စစ်ကျန်မိုင်း နင်းမိ၍ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားခဲ့ကြောင်း ၎င်းနှင့် နီးစပ်သူ ၁ ဦးက AB News သို့ပြောသည်။

” တောင်ပေါ်ကို ဟင်းခူးဖို့သွားတာ။ အဲ့ဒီမှာ စစ်ကောင်စီထောင်ထားခဲ့တဲ့ မြေမြှုပ်မိုင်းနင်းမိပြီးတေ့ာ ဘယ်ဘက်ခြေထောက်ပြတ်ထွက်သွားတယ်” ဟု ဆိုသည်။

လက်ရှိတွင် ၎င်းအား ဂွမြို့နယ် စစ်ဘေးရှောင် ကူညီပူးပေါင်းရေး အဖွဲ့မှ ဆေးရုံသို့ပို့ဆောင်ခဲ့ပြီး ငွေကျပ် ၂ သိန်းအားထောက်ပံ့ကူညီပေးခဲ့ကြောင်း ၎င်း၏ လူမှုကွန်ယက်ပေါ်တွင် ဖော်ပြ ပြောဆိုထားသည်။

စစ်ကျန်မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် ရက္ခိုင်က ဒေသခံများမှာ ကိုယ်လက်အင်္ဂါဆုံးရှုံးများနှင့် ဆိုးဝါးစွာ ရင်ဆိုင်ကြုံတွေ့နေကြရသည်။

အာရက္ခတပ်တော်က မိုင်းနှင့် စစ်ကျန်လက်နက်အန္တရာယ် ပညာပေးဟောပြောပွဲများ၊ မိုင်းအန္တရာယ်ဆိုင်ရာ သတိပေးဆိုင်းဘုတ်များထောင်ခြင်း၊ မိုင်းအန္တရာယ်ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးမှုများနှင့် မိုင်းရှင်းလင်းရေး လုပ်ငန်းများ လုပ်ဆောင်နေသည်ကိုလည်း တွေ့ရှိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ