Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကော့ကရိတ် အာရှလမ်းမတွင် ကား ၅ စီးထက်မနည်း ဆင့်တိုက်မှုဖြစ်ပွားခဲ့

ABN – သူရမောင်

ကရင်ပြည်နယ်၊ ကော့ကရိတ်အာရှလမ်းမတွင် ယမန်နေ့ ဇန်နဝါရီလ ၁၉ ရက်နေ့က ကား ၅ စီးထက်မနည်း ဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း Myanmar Liveသတင်းဌာနတွင် ဖောပြချက်အရ သိရသည်။

ထိုသို့ တိုက်မှုဖြစ်ပွားရခြင်းမှာ ကုန်ကားတစ်စီးမှ ဘရိတ်ပေါက်ရာမှတဆင့် အခြားကား ၅ စီးထက်မနည်း တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

တိုက်မိခဲ့သည့် ကားများထဲတွင် မှန်လုံကား၊ အိမ်စီးကားနှင့် ကုန်ကားတစ်စီးတို့မှာ ပျက်စီးကြေမွသွားခဲ့ပြီး အိမ်စီးကားတစ်စီးမှာ အဆိုးဆုံးပျက်စီးမှုဖြစ်ပွားခဲ့ကြောင်း ထိုသတင်းဌာနတွင် ရေးသားဖော်ပြထားသည်။

လူထိခိုက်မှုများကိုမူ တိကျစွာ မသိရသေးပေ။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ကလည်း ရခိုင်ပြည် မင်းပြားမြို့နယ် ကမ်းနီရွာအနီးတွင် ခရီးသည်တင် ကြံတိုင်းအောင်ကားနှင့် ဆီဘောက်ဆာကားတစ်စီးတို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာမရရှိခဲ့သော်လည်း ဆီဘောက်ဆာကားမှာ ပျက်စီးမှုများ ရှိခဲ့သည်။

Credit Myanmar Live

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ