Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကောလင်းမြို့နယ်တွင် ရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့၊ လူနေအိမ် ၁၁ ဆောင်ပျက်စီး

ABN-ရှိုင်းမိုး

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ် မြောင်းကြီးရွာကို စစ်ကောင်စီမှ ဒုတိယအကြိမ် မီးရှို့၍ လူနေအိမ် ၁၁ ဆောင်ပျက်စီးသွားကြောင်းသိရသည်။

ဇန်နဝါရီလ ၅ရက်နေ့ ညနေ ၄နာရီကျော်လောက်အချိန်တွင် စစ်ကောင်စီအခြေစိုက် ခမရ ၁၁၁ တပ်ရင်းနှင့် ခမရ ၃၆၉ တပ်ရင်း ၂ ခုပူပေါင်းပြီး အင်အား ၆၀ ကျော်တို့ ရွာထဲ ဝင်ရောက်ကာ မီးရှို့ဖျက်စီးသွားကြောင်းသိရသည်။

မြောင်းကြီးရွာသည် အိမ်ခြေ စုစုပေါင်း ၈၀ ခန့်ရှိပြီး ၂၀၂၂ နိုဝင်ဘာလ ၄ရက်နေ့က ပထမ ၁ကြိမ်မီးရှိုးခဲ့စဥ်က လူနေအိမ် ၃၇ အိမ် မီးလောင်ပြာကျသွားပြီး နေအိမ် ၄၈ အိမ် ပျက်စီးသွားပြီး ယမန်နေ့ ဇန်နဝါရီလ ၅ရက်နေ့ညပိုင်းတွင်လည်း ထပ်မံမီးရှို့ခံခဲ့ရခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်မှ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အလယ်လျှိုရွာကို မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ်များစွာပျက်စီးခဲ့ရသည့်အပြင် အရပ်သားပြည်သူ ၈ ဦးကိုလည်း သေနပ်ဖြင့်ပစ်သတ်ခဲ့သည်။

ကောလင်းမြို့နယ်တွင် ရွာတစ်ရွာကို စစ်ကောင်စီတပ်က ဒုတိယအကြိမ် မီးရှို့၊ လူနေအိမ် ၁၁ ဆောင်ပျက်စီး

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ