ရှမ်းပြည်နယ် မူဆယ်မြို့နယ်ရှိ ၀ိန်းဆိုင်ရွာ အနီးတွင် ကိုးကန့် တပ်မတော် MNDAA နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ ၁ နာရီကြာ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။
မူဆယ်မြို့ ၀ိန်းဆိုင်ရွာ အနီးတောင်တလျှောက်တွင် နေရာယူထားသည့် MNDAA ကိုးကန့်တပ်ဖွဲ့များကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ
လက်နက်ကြီး လက်နက်ငယ်များဖြင့်ဒီဇင်ဘာ၂၁ရက်နေ့ နေ့လည်၂နာရီတွင် စတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။
“နေ့လည် ၂နာရီက စဖြစ်တာ လက်နက်ကြီး လက်နက်ငယ်များနှင့် စစ်ကောင်စီတပ်က စပစ်ပြီး ထိုးစစ်ဆင်တာ အပြန်အလှန်ပစ်သံတွေကို ၁နာရီကျော်လောက်ကြားရတယ် စစ်ကောင်စီ စစ်ကားတွေ တက်ဆင်းတာတွေလည်း တွေ့ရတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးက ABNကိုပြောဆိုသည်။
တိုက်ပွဲမှာ၀ိန်းဆိုင်ရွာနှင့်အနည်းငယ်သာကွာဝေးသော တောင်ပေါ်တွင် ဖြစ်ခဲ့ခြင်းဖြစ်သည်။
ဒေသခံများမှာ တိုက်ပွဲဆက်လက်ပြင်းထန်လာပါက စစ်ကောင်စီတပ်က ကျေးရွာများအတွင်းသို့ လုပ်ရိုး လုပ်ထုံးအတိုင်း လက်နက်ကြီးများဖြင့် ပစ်ခတ်မည်ကို စိုးရိမ်လျက်ရှိကြောင်း ဒေသခံများကပြောကြသည်။
တအာင်းပြည်နယ် နမ့်ဆန်မြို့နယ်တွင်လည်း ဒီဇင်ဘာလ ၇ ရက်မှ ၁၃ရက်အထိ တအာင်းတပ်မတော် TNLA အား စစ်ကောင်စီတပ်က မြေပြင်နှင့် ဝေဟင် ပူးပေါင်းကာ တိုက်လေယာဥ်များ၊ လက်နက်ကြီး၊လက်နက်ငယ်တို့ဖြင့် ၇ရကျတိုငျတိုငျ ထိုးစစ်ဆင်တိုက်ခဲ့သည့် အတွက် တအာင်းလူမျိုးအရပ်သား ၂ဦးသေဆုံးကာ စာသင်ကျောင်း ၊ဘုန်ကြီးကျောင်းနှင့် နေအိမ်အများအပြားမီးလောင်ပျက်စီးခဲ့ရပြီး နမ့်ဆန်မြို့နယ်မှ ပြည်သူများဘေးလွတ်ရာသို့ ထွက်ပြေးတိမ်ရှောင် ခဲ့ကြရသည်။


