Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကိုယ့်ဒေသတွင်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းများနှင့် စစ်ဖက်ဆိုင်ရာစခန်းများအား တပြိုင်နက်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်တွန်း

ကိုယ့်ဒေသတွင်းမှာရှိသည့် စစ်ကောင်စီတပ်စခန်းများနှင့် စစ်ဖက်ဆိုင်ရာစခန်းများအား တပြိုင်နက်တည်း ဝင်တိုက်ကြရန် ညီနောင်မဟာမိတ် ၃ ဖွဲ့တိုက်တွန်း

AB News-ဟိန်းထွန်း

အောက်တိုဘာ ၃၁ ရက်

စစ်ဆင်ရေး ၁၀၂၇ ၅ ရက်မြောက်နေ့ ညီနောင်မဟာမိတ် ၃ ဖွဲ့မှ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းများအား ရတောင့်ရခဲ့ ကြုံတောင့်ကြုံခဲအခွင့်အရေးများကို အမိအရဆုပ်ကိုင်ပြီး ကိုယ့်ဒေသအတွင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် စစ်ဖက်ဆိုင်ရာ စခန်းများကို တပြိုင်နက်တည်း ဝင်တိုက်ကြရန် တိုက်တွန်းလိုက်သည်။

အောက်တိုဘာလ ၂၇ ရက်နေ့မှ ၅ ရက်မြောက်တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တပ်သားအများအပြား ကျဆုံးခဲ့ရသည့်အပြင်၊ စစ်သုံ့ပန်းများ ဖမ်းဆီးရမိပြီး စစ်စခန်းပေါင်း ၈၀ ကျော်လက်လွှတ်ဆုံးရှူံးခဲ့ရကြောင်း ထုတ်ပြန်ထားသည်။

ယနေ့တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နှင့် ရက္ခိုင့်တပ်တော် (AA) ပူးပေါင်းစစ်ကြောင်းတို့သည် ကချင်ပြည်၊ လိုင်ဇာမှ (၂၅) ကီလိုမီတာခန့် ကွာဝေးသော မြစ်ကြီးနား-ဗန်းမော်ကားလမ်းမ အနီးရှိ စစ်ကောင်စီ၏ “ကန်တောင်ယန် (ဂန်‌ဒေါင်ယန်) စခန်းထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းနှင့် နမ္မတူမြို့နယ်၊ မုံးမော်၊ နမ့်ဟိုင်းရှိ စစ်ကောင်စီလက်အောက်ခံ “ခလရ (၃၂၄)” အား အပြီးသတ် ချေမှုန်းသိမ်းပိုက်နိုင်ခြင်းများဖော်ဆောင်နိုင်ခဲ့သည်။

ပထမ (၅) ရက်တာ စစ်ဆင်ရေးကာလအတွင်း ကိုးကန့်ပြည်နယ်၊ အထူးဒေသ (၁) အတွင်းမှ အဓိကမြို့များထဲမှ “ချင်းရွှေဟော်” နှင့် “ဖောင်းဆိုင်” မြို့များကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပြီးနောက် အဆိုပါမြို့များကို လုံးဝထိန်းချုပ်ထားနိုင်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် သိန္နီမြို့ကိုလည်း ၎င်းတို့ ထိန်းချုပ်ထားဆဲဖြစ်ကြောင်း ညီနောင် ၃ ဖွဲ့က ထုတ်ပြန်သည်။

စစ်ဆင်ရေးနှင့်အတူ ဟန်ချက်ညီ ပူးပေါင်းစစ်ဆင်ရေးများကို အခြားသောမဟာမိတ်များအနေဖြင့်လည်း တပြိုင်နက်တည်း ဆင်နွှဲလာခဲ့ကြသည်ကိုတွေ့ရှိရပြီး ဒေသတွင်းရှိစစ်ကောင်စီတပ်စခန်းများအား အမြစ်ပြတ်ချေမှုန်းရေးအတွက် တိုက်ပွဲဝင်စေလိုကြောင်း လေးလေးနက်နက်တိုက်တွန်းထားကြောင်း သိရသည်။

“ဂန်ဒေါင်ယန်စခန်း “နောက်ဆက်တွဲအနေဖြင့် စစ်ကောင်စီသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၃၁) ရက်နေ့၊ နေ့လည် (၂:၃၀) ဝန်းကျင်မှစ၍ KIO ဌာနချုပ်ရှိရာ ကချင်ပြည်၊ လိုင်ဇာမြို့အနီး အာလော့န်ဘွမ် (Alen Bum) တောင်ကုန်းဘက်သို့ စစ်ကောင်စီသည် လေကြောင်းဖြင့် ပစ်ခတ်မှုများလုပ်ဆောင်လျက်ရှိနေကြောင်း ညီနောင် ၃ ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ဆင်ရေးပစ်မှတ်များကို တစိုက်မတ်မတ် ဆက်လက်ထိုးစစ်ဆင်လျက်ရှိသည့်အတွက် စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခြင်း၊ ဗုံးကြဲချခြင်းများပြုလုပ်လျက်ရှိနေပြီး ၂ ဖက်တိုက်ပွဲ ပြင်းထန်နေသည်ကို တွေ့ရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ