Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကိုဗစ်ကြောင့် ၃ နှစ်နီးပါးပိတ်ထားခဲ့သည့် တရုတ်-မြန်မာ နယ်စပ်ဂိတ်ကို တရုတ်ကပြန်ဖွင့်သော်လည်း မြန်မာဘက်က ဆက်ပိတ်ထားဆဲ

ABN – မေအိအိအောင်၊ နွယ်စိုး

ကိုဗစ်ကပ်ရောဂါကြောင့် ၃ နှစ်နီးပါး ပိတ်ထားခဲ့သည့် ကုန်ုသွယ်မှု အများဆုံးရှိသော တရုတ်-မြန်မာနယ်စပ် ဂိတ်များကို တရုတ်ဘက်က ပြန်ဖွင့်ပေးခဲ့သော်လည်း မြန်မာဘက်က နယ်စပ်ဂိတ်များကို ပြန်လည်မဖွင့်ပေးသေးကြောင်းသိရသည်။

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့ နှင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ရွှေလီမြို့ဘက်ရှိ တရုတ်-မြန်မာ နယ်စပ်ဂိတ်များကို မြန်မာ့စစ်တပ်မှ အာဏာမသိမ်းခင် ၂၀၂၀ မှ ၂၀၂၂ အာဏာသိမ်းပြီးနောက်အထိ ကိုဗစ်ရောဂါကြောင့် ပိတ်ထားခဲ့ကြောင်းသိရသည်။

တရုတ်-မြန်မာနယ်စပ်ဂိတ်များဖြစ်သည့် နန်းတော်ဂိတ်၊ ဆင်ဖြူဂိတ်နှင့် မန်၀ိန်းဂိတ်များကို တရုတ်အစိုးရ ဘက်မှ ပြန်လည်ဖွင့်ပေးမည့် အကြောင်းကို စာထုတ်ပြန်ခဲ့ပြီး ယမန်​နေ့ ဇန်န၀ါရီလ ၈ ရက်နေ့က ၎င်းတို့ဘက်မှ ဂိတ်များပြန်လည်ဖွင့်ပေးခဲ့သည်။

မြန်မာဘက်တွင်ရှိသည့် နယ်စပ်ဂိတ်များကို မဖွင့်ပေးရခြင်းမှာ တရုတ်နှင့် မြန်မာ နိုင်ငံတစ်ခုနှင့် တစ်ခု ဂိတ်ဖွင့်ပေးရန် နိုင်ငံအဆင့် အကြောင်းကြားခြင်းမျိုးမရှိဘဲ ပြည်နယ်အဆင့် မှတစ်ဖက်သတ်အကြောင်းကြားခြင်းကြောင့် မြန်မာနယ်စပ်ဂိတ်ကို မဖွင့်ပေးခြင်းဖြစ်သည်ဟု သိရပြီး အဆိုပါ ဂိတ်ကို ယမန်နေ့ ဇန်န၀ါရီလ ၈ ရက်နေ့ထိ ဆက်ပိတ်ထားဆဲဟု စစ်ကောင်စီ နယ်စပ်ကုန်သွယ်ရေး ဌာနမှ အရာရှိတစ်ဦးက ပြောကြောင်းသိရသည်။

အဆိုပါ နယ်စပ်ဂိတ်ကို ပိတ်ထားသည့်အတွက် တရုတ်ဘက်ကို တင်ပို့ရန် ဆန်အပါအ၀င်ကောက်ပဲသီးနှံများ အဆင်သင့်ပြင်ဆင်ထားသည့် မြန်မာကုန်သည်များမှာ အခက်ကြုံနေရကြောင်းနှင့် တရုတ်ဘက်ကို၀င်ရန် လာရောက်စောင့်ဆိုင်းနေသူများမှာလည်း မြန်မာဘက်မှ လူမှုကြီးကြပ်ရေး နယ်စပ်ဂိတ်များကိုပါ ပိတ်ထား သည့်အတွက် အခက်ကြုံနေသည်ဟု နယ်စပ်ကုန်သည်များကပြောကြောင်း သိရသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ