Arakan Bay News

သတင်းမီဒီယာ - ရခိုင် ၊ အာရကန် ၊ အာရက္ခ

Generic selectors
Exact matches only
Search in title
Search in content
Post Type Selectors
ကလေး-တမူးလမ်းကြားတွင် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

ကလေး-တမူးလမ်းကြားတွင် ညီနောင် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်နေ

AB News – နိုဝင်ဘာ ၄ ရက်

စစ်ကိုင်းတိုင်း ၊ကလေးမြို့နယ် ကလေး-တမူးလမ်းကြားတွင် ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။

စစ်ကောင်စီသည် ဂျက်တိုက်လေယာဥ်ဖြင့် ၎င်းလမ်းကြားသို့ ဗုံးကြဲတိုက်ခိုက်နေ၍ ဒေသခံပြည်သူများ ထွက်ပြေးနေရကြောင်း ရာဇဂြိုလ်ရွာမှ အမျိုးသမီးတစ်ဦးက AB News သို့ပြောသည်။

“ကလေးနဲ့တမူးလမ်းတွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တယ်၊ ဂျက်လေယာဥ်တွေနဲ့လှမ်းပစ်နေတယ် ၊ ပြည်သူတွေထွက်ပြေးနေကြရတယ်” ဟု ဆိုသည်။

၂ ဖက်တိုက်ပွဲကြောင့် ပြည်သူတွေအထုတ်အပိုးတွေထမ်းပြီး လမ်းဘေးနားတွင် ထိုင်နေရပြီး မည်သည့်ဖက်ကိုသွားရမှန်းမသိ ဖြစ်နေကြောင်း ဒေသခံ​များကပြောသည်။

ရွာများကို ဗုံးကြဲတိုက်ခိုက်နေသည့်ကြောင့် တောထဲသို့ပြေးနေကြရကြောင်းလည်း ဆက်၍ပြောသည်။

ကျမတို့အခုတောထဲကိုပြေးနေရပါတယ်၊ ရွာထဲမှာတစ်ယောက်မှမရှိကြတော့ဘူး၊ လယ်ပြင်ထွက်ပြီးတဲစင်တွေမှာနေရတယ်၊ ဘုန်းကြီးကျောင်းတွေမှာနေကြတယ်၊ ပြေးနေရတယ်” ဟုပြောပြီး ဖုန်းချသွားခဲ့သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ကလည်း ကလေး -တမူးလမ်းသို့ လေကြောင်းမှ ၃ကြိမ်ခန့်လာရောက်ပစ်​ခတ်ခဲ့ကြောင်း ကလေးဒေသခံများကဆိုသည်။

လက်ရှိအချိန်တွင် ၁၀၂၇ စစ်ဆင်ရေး ညီနောင်မဟာမိတ် ၃ ဖွဲ့နှင့် စစ်ကောင်စီတို့ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိနေသည်။

ထင်မြင်ယူဆချက်‌‌ပေးရန်

ဆက်စပ်သတင်းများ